Chapter-147

920 79 1
                                    

အခန်း (၁၄၇)

တစ်ခုခု နားလည်မှုလွဲနေကြပြီ ဖြစ်ကြောင်း ကျီချင်းချင်း ရိပ်မိလိုက်သည်။ သို့သော်လည်း ရှင်းပြမနေတော့ဘဲ ပြုံးလျက် ခေါင်းညိတ်ပြလိုက်လေသည်။

တစ်နေ့ခင်းလုံး ကျီချင်းချင်းသည် ထိုင်လျက် ဇာတ်ညွှန်းစာသားများကို လေ့ကျင့်နေလေသည်။ တစ်ခါတစ်ရံတွင် ဒါရိုက်တာကျိုးဆီသွား၍ ချီကျင်းယွမ်းနှင့် ကျန်းစုတို့အား ရှင်းပြနေသည်ကို နားထောင်လေသည်။ နေ့လည်ခင်းသည် လျှင်မြန်စွာ ကုန်ဆုံးလာ၍ ညနေပိုင်းသို့ပင် ရောက်ရှိလာသည်။ အစောပိုင်းက ချီကျင်းယွမ်းနှင့် ကျန်းစုတို့ အချိန်ကြာမြင့်ခဲ့သဖြင့် ရိုက်ကူးရေးနောက်ကျကာ သူမ၏ညဘက်ရိုက်ကွင်းများကို နောက်နေ့သို့ ရွှေ့လိုက်ကြလေသည်။

ကျီချင်းချင်းလည်း စောစောပြန်လာခဲ့လေသည်။ ရိုက်ကူးရန်မရှိတော့သည်အတွက် စိတ်သက်သာရာရနေသည်။ လေ့ကျင့်ရန်အချိန်များများ ပိုရခြင်းကိုလည်း သဘောကျနေပေသည်။

နာရီဝက်ခန့်ကြာသောအခါ ဟိုတယ်သို့ပြန်ရောက်၍ သူမ၏အခန်းဆီသို့ သွားလေသည်။ ရှင်းလင်းနေသောအခန်းကို မြင်မှ လုလီရှင်းသည် အခန်းနံပါတ် ၂၅၀၇ သို့ ရွှေ့ပြောင်းခိုင်းထားကြောင်း သတိရလေသည်။

ထို့ကြောင့် ပြန်လှည့်ကာ ၂၅ထပ်သို့ တက်သွားလေသည်။

အခန်းနံပါတ် ၂၅၀၇သည် ထျန်းယွီဟိုတယ်မှ ပိုင်သော အခန်းနှစ်ခန်းအနက် တစ်ခန်းဖြစ်လေသည်။ အိပ်ခန်း၊ ဧည့်ခန်း၊ စာကြည့်ခန်းတို့လည်း ပါဝင်လေသည်။ သူမ၏ အရင်တစ်‌ယောက်အခန်းဖြစ်သော ၂၁၀၉ နှင့် ယှဉ်လိုက်လျှင် အလွန်ကျယ်ဝန်းပေသည်။ လူနှစ်ယောက်အတွက်ဆိုလျှင်ပင် လုံလောက်သည်ထက်ပို၍ ကျယ်ဝန်းသည်ဟု ပြောနိုင်လေသည်။

သူတို့နှစ်ယောက်အား မနှောင့်ယှက်လို၍ ဝမ်ရို့သည် ပစ္စည်းများကို နေရာချထားပြီးနောက် ထွက်သွားလေသည်။

ကျီချင်းချင်းလည်း မိတ်ကပ်ဖျက်လိုက်၍ အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။ လုလီရှင်းကို စားပွဲ‌တွင်ထိုင်လျက် စာရိုက်နေသည်ကို တွေ့လိုက်ရသည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Opowieści tętniące życiem. Odkryj je teraz