Chapter-25

3.2K 379 0
                                    

Unicode

အခန်း(၂၅) - ဒီလိုပြောပြီးတဲ့နောက်မှာ ကျီချင်းချင်းက လုလီရှင်းရဲ့ ခန္ဓာကိုယ်ကို ဖုံးထားတဲ့စောင်ကို အပေါ်သို့ ဖြည်းဖြည်းချင်းဆွဲတင်ရင်း သူ့မျက်နှာကို ဖုံးအုပ်ပေးလိုက်သည် (၃)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကျိုးထီက “မင်းကျန်းမာရေးက…” ဟု မေးလိုက်သည်။

“အရမ်းကောင်းတယ်” လို့ လုလီရှင်းက ခပ်တိုတို ပြန်ဖြေလိုက်သည်။

“မင်းလုပ်စရာရှိတာ ဆက်လုပ်တော့။ ငါဖုန်းချပြီ”

လုလီရှင်းသည် ဖုန်းချလိုက်သည်။ သူ့စာရေးစားပွဲမှာ ထိုင်ပြီးတော့ သူ့ကွန်ပျူတာကို ဖွင့်ကြည့်လိုက်သည်။

ညသန်းခေါင်ယံအချိန်မှာ ဖြစ်သည်။ နာရီပေါ်မှ နာရီလက်တံသည် ၁၂ဂဏန်းသို့ ရွေ့သွားသည်။

လွန်ခဲ့သောနာရီဝက်က ဆရာဝန်သည် နောက်ဆုံးစမ်းသပ်စစ်ဆေးချက်ကို ပြုလုပ်ခဲ့သည်။ မနက်မိုးမလင်းခင် ထွက်ခွာသွားနိုင်တယ်လို့ ဆရာဝန်က ပြောခဲ့သည်။

သူက ဘာမှမလုပ်ပဲ ဒီနေရာကို ရောက်လာခဲ့တာ မဟုတ်ဘူး။ သူက အနှစ်နှစ်ဆယ်ကျော် လုပ်သက်ရှိပြီးတော့ ဒါက သူ့ရဲ့လုပ်ရိုးလုပ်စဥ်ဖြစ်သည်။

သူ့ကားမတော်တဆမှုဖြစ်ကတည်းက ကုမ္ပဏီ၏အဓိက ဆုံးဖြတ်ချက်များကို ပြီးခဲ့သည့်လကပင် ဆိုင်းငံ့ထားခဲ့သည်။ သူမတော်တဆမှုမဖြစ်မီ သူသည် ဒရုန်းများထုတ်လုပ်ရန်အတွက် ပူးပေါင်းညှိနှိုင်းမှုတစ်ခု ဆွေးနွေးထားခဲ့သည်။ ဒါပေမယ့် သူမရှိတော့တဲ့အချိန်မှာတော့ ဒီပူးပေါင်း‌ဆောင်ရွက်မှုရဲ့ အသေးစိတ်အချက်အလက်တွေကို အပြီးသတ်ဖို့ မဖြစ်နိုင်ခဲ့ဘူး။

ဒီစီမံကိန်းက ကုမ္ပဏီရဲ့အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လိုဖွင့်ချလိုက်နိုင်မလဲဆိုတာအတွက် မရှိမဖြစ်လိုအပ်သည်။ အဓိကဆုံးဖြတ်ချက်များသည် သူ့ရေးသားအတည်ပြုချက် လိုအပ်သည်။ သူက ဒီစီမံကိန်းကို စီမံခန့်ခွဲပေးဖို့ အခြားတစ်ယောက်ကို လွှဲပေးလိုက်ရင်တောင် သူအနားယူလို့မရဘူး။ ထို့ကြောင့် သူသတိရလာပြီးနောက် သူ အလွန်အမင်းလုပ်ချင်ခဲ့သော ပထမဆုံးအရာသည် ဒီစီမံကိန်း၏တိုးတက်မှုအား စစ်ဆေးရန်ပင်ဖြစ်သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now