အခန်း (၁၉၃)
လုလီရှင်းသည် အစောပိုင်းက ဗီဒီယိုဖုန်းခေါ်ဆိုမှုတွင် မြင်လိုက်ရသည့် ကျန်းစုမှ ကျီချင်းချင်းအား နမ်းသည့်အခန်းကို သတိရမိလိုက်သည်။ ထိုအရာသည် သူ့စိတ်ထဲတွင် ဆူးလေးတစ်ချောင်း ဆူးနေသလိုပင်။ ဆွဲထုတ်လိုက်ဖို့လည်း မသက်မသာဖြစ်ကာ ဆွဲမထုတ်ပြန်ရင်လည်း ပိုလို့နာကျင်ရပေမည်။
"အလုပ်ကရော ဘယ်လိုလဲ။ မနေ့ညက ရှင်ပြောတော့ အလုပ်မှာ ပြဿနာလေးတွေရှိနေတယ်ဆို။ အဲ့ဒါ အခု အဆင်ပြေသွားပြီလား။"
"အွန်း အဆင်ပြေသွားပြီ။"
"အဲ့ဒါ အဆင်ပြေသွားပြီ။ ဒါဆို... ရှင်အားပြီလား။"
"အမ်း ကိုယ် အလုပ်ရှုပ်မနေဘူး။"
ကျီချင်းချင်းသည် အနည်းငယ် သွေးတိုးစမ်းလိုက်၏။ "ဒါဆို ကျွန်မလေယာဉ်က မနက်ဖြန်နေ့လည် ငါးနာရီလောက်ဆိုက်ရောက်လိမ့်မယ်။"
"အိမ်ပြန်လာတဲ့လမ်းမှာ ဂရုစိုက်ပါ။"
"ကောင်းပါပြီ" ကျီချင်းချင်းက နှုတ်ခမ်းထော်လိုက်သည်။
ဒါက တစ်ခြားလူတွေ အကုန်လုံးရဲ့ ရိုက်ကူးရေး ပြီးတာလဲ ဟုတ်သည်။ တစ်ခြားလူတွေမှာ သူတို့ကို ကြိုဖို့ လူလာကြလိမ့်မယ်။ သူမကိုကျတော့ ဘာဖြစ်လို့ ဘယ်သူမှ လာမကြိုတာလဲ။
ထားလိုက်ပါ ထားလိုက်ပါတော့။ ဥက္ကဌလုက ကုမ္ပဏီကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ။ ငါလေးက ပိုပြီးနားလည်ပေးတတ်ရမယ်လေ။
"တစ်ခြားကိစ္စရှိသေးလား။"
"မရှိတော့ဘူး။"
"ဒါဆို မင်းသွားနားလိုက်ဦး။ ကိုယ်လည်း ဒီမှာလုပ်စရာလေးတွေ လုပ်လိုက်ဦးမယ်။ ဖုန်းအရင်ချလိုက်တော့မယ်နော်။"
ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားသည်။
ဝမ်ရို့သည် သူမအတွက် ကိတ်မုန့် အသေးလေးတစ်စိတ် ယူလာပေးသည်။ "အစ်မချင်းချင်း၊ ကိတ်လေးစားပါဦး။ ဒီကိတ်က တကယ်အရသာရှိတယ်။"
ကျီချင်းချင်းသည် အရသာရှိမည့်ပုံပေါ်သော ကိတ်လေးအား ကြည့်လိုက်ကာ တံတွေးတို့ကို မြိုချလိုက်၏။
![](https://img.wattpad.com/cover/279714628-288-k885403.jpg)