Chapter-170

1.5K 97 3
                                    

အခန်း (၁၇၀)

ကျီချင်းချင်း အိပ်ရာနိုးသောအခါ ကောင်းကင်ကြီးမှာ လင်းထိန်နေပြီဖြစ်၏။

သူမမျက်လုံးများကို ဖွင့်လိုက်သောအခါ သူမဘေးကနေရာမှာ ထုံးစံအတိုင်း လူမရှိပေ။

ကျီချင်းချင်းသည် မျက်လုံးများကို တစ်ဖန်ပြန်မှိတ်လိုက်ပြီး အိပ်ရာဘေးထောင့်စွန်းရှိ သူမဖုန်းအား ဆွဲယူလိုက်သည်။ သူမ ဖုန်းကိုဖွင့်ကာ ကြည့်လိုက်တော့ အချိန်သည် အတိအကျပင် ၈ နာရီ ကွက်တိရှိနေပြီ။

မနေ့က နေမကောင်းလို့ ပျက်ကွက်တယ်ဆိုတာ အကျိုးအကြောင်းဆီလျော်ပေမယ့် ဒီနေ့ နေပြန်ကောင်းသွားတာတောင် မသွားဘဲနေဦးမယ်ဆိုရင် ရိုက်ကွင်းအစီအစဉ်တွေကို နှောင့်နှေးသွားစေမည်ဖြစ်ပြီး အဲ့အရာက မကောင်းပေ။

သူမသည် ဝမ်ရို့အား ဘယ်မှာရှိနေလဲဆိုတာကို ဝီချက် မက်ဆေ့ချ်တစ်စောင်ပို့လိုက်ပြီး မကြာမှီမှာပဲ ဝမ်ရို့မှ အသံမက်ဆေ့ချ် ပြန်ပို့လာခဲ့သည်။

"အစ်မချင်းချင်း၊ ဥက္ကဌလုက အစ်မအတွက် ဒီမနက်ကို ခွင့်တောင်းပေးသွားတယ်။ အစ်မ၊ ကောင်းကောင်း အနားယူလိုက်ဦး။"

လုလီရှင်းက သူမအတွက် ခွင့်တောင်းပေးသွားတယ်လား။

သူမအဖျားက သက်သာတာ တော်တော်ကြာနေပြီ ဖြစ်သည်။ ခွင့်က ဘာလုပ်ဖို့လဲ။ ခွင့်ယူလိုက်တာက ပိုပြီး ပြဿနာတွေ မများသွားစေဘူးလား။

သူမ အသံမက်ဆေ့ချ်ပို့ဖို့ ခလုတ်လေးကိုထိလိုက်သောအခါ လည်ချောင်းမှ နာကျင်မှုကို သတိပြုလိုက်မိသည်။

ကျီချင်းချင်းမှာ အသက်ကိုဝဝရှူလိုက်ပြီး စိတ်ထဲမှ "မကောင်းတဲ့လူ" ဟုပြောလိုက်ကာ ဝမ်ရို့အား မိတ်ကပ်ဆရာကိုခေါ်လာရန် မက်ဆေ့ချ်ပို့လိုက်သည်။

တံခါးမှ အသံတစ်ခုထွက်လာပြီးနောက် အမွှေးလုံးလုံး ခေါင်းသေးသေးသည် တံခါးအား တွန်းဖွင့်လာသည်။ အဖြူရောင် Samoyed ခွေးတစ်ကောင်သည် အမြှီးယမ်းရင်း အခန်းထဲသို့ ဝင်လာ၏။ ခွေးသည် ခေါင်းလေးမော့ရင်းနှင့် အိပ်ရာဘေးတွင် လျှောက်ပတ်နေ‌သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now