Chapter-152

756 83 1
                                    

အခန်း (၁၅၂)

ကျီချင်းချင်းသည် တစ်ရှုးကိုယူလျက် မျက်ရည်သုတ်လိုက်သည်။ ခံစားချက်များ မပျောက်ဆုံးသေး၍ ရှိုက်လျက်ပြောလိုက်သည်။ "အဲ့လိုသာဆိုရင်တော့ ကျွန်မရှင့်ကို တစ်ခေါက်လောက်ယုံလိုက်မယ်လေ"

လုလီရှင်းသည် ဇာတ်ညွှန်းစာရွက်ကို ချလိုက်ကာ ကျီချင်းချင်း၏ ဖောင်းမို့နေသော မျက်လုံးအစုံကို ကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုံ့လျက် ရေရွတ်လိုက်လေသည်။ "စောစောအိပ်လိုက်တော့လေ"

ထို့သို့ပြောပြီးနောက် သူလည်းရေချိူခန်းထဲသို့ ဝင်သွားလျက် ဖုန်းကိုထုတ်လျက် ချင်ရှောက်ဆီသို့ ခေါ်လိုက်သည်။

လုလီရှင်းသည် မလိမ်ညာသင့်ဟု ယူဆထားသူဖြစ်ပေသည်။

အလိမ်အညာတစ်ခုကို သက်သေပြရန် နောက်ထပ်အလိမ်အညာတစ်ခု လိုအပ်လေသည်။ အလိမ်အညာအသစ်အတွက်လည်း ပို၍များစွာသော လိမ်လည်မှုများလိုအပ်ပေသည်။

ထိုအချိန်တွင် ကျီချင်းချင်းမှာ လုလီရှင်း၏ 'ကျင့်စရာမလိုတော့ပါဘူး၊ မင်းသရုပ်ဆောင်တာ သိပ်ကောင်းတာပဲ'ဟူသော စကားကို ကြားယောင်လျက် ပြုံးလိုက်မိလေသည်။

သူမသည် အနုပညာလောကတွင် အတန်ငယ်ကောင်းမွန်ခြင်း ဖြစ်ကောင်းဖြစ်မည်။

နောက်တစ်နေ့မနက်တွင် အိပ်ရေးဝနေပြီဖြစ်သော ကျီချင်းချင်းသည် ရိုက်ကွင်းသို့သွားလေသည်။ ရိုက်ကူးရေးသည် ချောမွေ့နေလေသည်။ ကျန်းစုနှင့် ချီကျင်းယွမ်းတို့၏ အခန်းများပင်ဖြစ်သော်လည်း သူတို့၏ သရုပ်ဆောင်ချက်များကိုကြည့်လျက် ယမန်နေ့က ကြိုးစားလေ့ကျင့်ခဲ့ကြကြောင်း သိနိုင်လေသည်။

မနေ့က ဒါရိုက်တာကျိုး ဆူပူလိုက်ခြင်းမှာ ပြင်းထန်လှပေသည်။ ယနေ့သာထပ်၍ အဆူခံရမည်ဆိုပါက နှစ်ယောက်လုံး မျက်နှာပျက်ရမည်ဖြစ်ပေသည်။

လုလီရှင်းမှာ နေ့လည်ပိုင်းတွင် ရောက်လာလေသည်။ သူမ၏ ပထမဆုံး ဇာတ်ဝင်ခန်းကို အားပေးရန်လာခြင်းဟု ပြောသော်လည်း ကျီချင်းချင်းကမူ သူမအား'ခင်ပွန်း'ဟု ခေါ်စေချင်၍လာခြင်းဖြစ်သည်သု အခိုင်အမာယူဆထားသည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Opowieści tętniące życiem. Odkryj je teraz