အခန်း (၁၄၀)
"ဥက္ကဌလု၊ ကျွန်တော် ဥက္ကဌလုအကြောင်း အများကြီး ကြားဖူးပါတယ်။ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ မသိဘူး။" ဟု ဒါရိုက်တာကျိုးသည် လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးရင်း ပြောလိုက်သည်။
ဇာတ်လမ်းတွဲဖြစ်မြောက်ရေးအတွက် စပွန်စာပေးထားသောသူများတွင် ထျန်းယွီအင်တာတိန်းမန့်လည်း အပါအဝင်ဖြစ်လေသည်။ ထို့ကြောင့် လုလီရှင်းသည်လည်း သူ့ဇာတ်လမ်းအား ရင်းနှီးမြှုပ်နှံသူတစ်ယောက် ဖြစ်ပေသည်။
လုလီရှင်းသည် သူ့နောက်မှ ကျီချင်းချင်းကို ကျော်ကြည့်လိုက်သည်။ ထို့နောက် "သိပ်ယဉ်ကျေးနေစရာမလိုပါဘူး၊ ကျွန်တော်က အသိတစ်ယောက်ဆီ လာလည်တာပါ။"ဟု ပြောလိုက်သည်။
"လာလည်တာ?" ကျိုးဒါရိုက်တာသည် သူ့နောက်ကို လှည့်ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။ "ဘယ်သူ့စီကိုလဲ။"
"ကျီချင်းချင်းစီ"
ကျိုးဒါရိုက်တာလည်း အံ့ဩသွား၍ "ကျီချင်းချင်းလား"ဟု မေးလိုက်မိသည်။
ကျိုးဒါရိုက်တာ၏တုန့်ပြန်မှုကို စောင့်မနေတော့ဘဲ လုလီရှင်းသည် ကျီချင်းချင်းထံသို့ လမ်းလျှောက်သွားလေသည်။
ကျီချင်းချင်းနှင့် ဝမ်ရို့တို့သည် သူတို့အပေါ်အရိပ်တစ်ခု လွှမ်းမိုးလာချိန်တွင် ထမင်းစားနေကြဆဲ ဖြစ်သည်။ ကျီချင်းချင်းသည် ခေါင်းမော့လျက် အံ့ဩစွာဖြင့် "ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။"ဟု မေးလိုက်သည်။
"နေ့လည်စာ လာပို့တာလေ" လုလီရှင်းသည် ဖြေလိုက်သည်။
ထို့နောက် အနောက်ဘက်မှ ချင်ယွဲ့သည် တန်ဖိုးကြီးဟင်းလျာများ ယူလာသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သေသေချာချာ ချက်ပြုတ်ထားမှန်း သိနိုင်လေသည်။ ရိုက်ကူးရေးအဖွဲ့မှ ပြင်ဆင်ပေးသော နေ့လည်စာနှင့် အကွာကြီးကွာလှပေသည်။
နေရာပေါင်းစုံမှ အကြည့်များစုဆုံလာပြီး တီးတိုးပြောသံများလည်း ကြားလာရသည်။
ကျီချင်းချင်းသည် သိပ်မယုံပုံဖြင့် မေးလိုက်သည်။ "ကျွန်မကို ဒီဟာပေးဖို့ ဒီကို တကူးတက လာခဲ့တာလား။"
![](https://img.wattpad.com/cover/279714628-288-k885403.jpg)