Unicode
အခန်း(၃၆) - ဘဝက သူ့အတွက် တကယ့်ကို သက်ညှာမှုမရှိတဲ့အရာပဲ (၃)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)ကျီချင်းချင်းသည် လုလီရှင်း၏ တည်ကြည်လေးနက်သောမျက်နှာကို ကြည့်လိုက်ပြီး ရုတ်တရတ် စိုးရိမ်ပူပန်သွားမိသည်။
ဖြစ်နိုင်မလား။
ဖြစ်နိုင်မလား ဒီလိုပြောနေတာက သူ သေဆုံးခါနီးဖြစ်နေသောကြောင့် သူ့အသိဥာဏ်လျော့ရဲကုန်ပြီး ကယောင်ကတမ်းပြောနေတာမျိုးလား။
ဒါ့ကြောင့် သူမသည် လုလီရှင်း၏အရင်က ပြောခဲ့တဲ့စကားများကို ပြန်ပြောလိုက်သည်။
ကျွန်မက ရှင့်ဇနီးပါ။ ရှင် စိတ်ပူစရာမလိုဘူး။ ကျွန်မက တခြားယောကျ်ားတွေ လွယ်လွယ်ကူကူရနိုင်တဲ့ မိန်းကလေးမျိုး မဟုတ်ဘူး။
စိတ်ဓာတ်ကျနေသော လုလီရှင်းက ပြောလိုက်သည်။
ကိုယ့်ကို စကားပြောခွင့်ပေးပါဦး။
... အိုး ကောင်းပြီ။ ရှင် စိတ်ထဲရှိတာ ဘာမဆိုပြောလိုက်ပါ။
မင်းရဲ့အလှက တခြားမိန်းကလေးတွေက်ု သူတို့ရဲ့မျက်နှာတွေကိုပြဖို့ ရှက်ရွံစေတယ်။ ကိုယ် မင်းကို တောင်းဆိုပါတယ်။ ကျေးဇူးပြုပြီး မလုပ်နဲ့
လုလီရှင်းက အော်လိုက်သည်။ ဒီစကားများကို ပြောဆိုရခြင်းက သူ့ရဲ့အောက်ဆုံးစည်းကို ချိုးဖောက်ခဲ့ရသည်။
ကျေးဇူးပြုပြီး မင်းရဲ့အရမ်းအရမ်းစွဲမက်မှုတွေနဲ့ အခြားလူတစ်ယောက်ကို မဖြားယောင်းလိုက်ပါနဲ့။*
(T/N: ရှင်းရှင်းပြောရရင် လုလီရှင်းက ပိုင်သုကနေ ရှာဖွေမှုရလဒ်ကို အတိအကျ ပြန်ပြောတာ မဟုတ်ဘူး။ အဲ့တာက ထုတ်ပြောဖို့ အရမ်းရှက်စရာကောင်းတယ်။)
ကျီချင်းချင်းက ကျွန်မ မလုပ်ပါဘူး ဟု စကားထစ်ထစ်ငေါ့ငေါ့နှင့်ပြောသည်။
လုလီရှင်းက သူမကို သင်ကြားပို့ချနေတာ ဖြစ်နိုင်လား။
သူ တစ်ခုခု အထင်အမြင်လွဲနေတာလား။
ကျီချင်းချင်းသည် သူမက လုအိမ်တော်တွင် အလွန်ကောင်းမွန်စွာ ပြုမူနေထိုင်ခဲ့တယ်လို့ ခံစားခဲ့ရသည်။ သူမရဲ့ချစ်သူဟောင်း လုလီထင်ကို သူမ တွေ့ခဲ့ရင်တောင် သူ့ကို ဂရုမစိုက်ခဲ့ဘူး။ သူမမျက်နှာကို ဖုံးအုပ်ဝတ်ဆင်သည့် အာရပ်အမျိုးသမီးလို ဝတ်ဆင်ဖို့ သူက ပြောနေတာတော့ မဟုတ်ဘူးမလား။ မှန်တယ်မလား။
![](https://img.wattpad.com/cover/279714628-288-k885403.jpg)