အခန်း (၁၉၅)
ကျီချင်းချင်းသည် အမှန်တကယ် ပင်ပန်းနေသည်။ လုလီရှင်း တစ်ခုခုပြောနေတာကို သူမကြားသော်လည်း သူဘာပြောနေတာလဲ မသဲကွဲပေ။ သူမသည် ပျင်းတိပျင်းရွဲ 'အင်း' ဟုသာ သူ့စကားအား တုံ့ပြန်လိုက်တော့သည်။
လုလီရှင်းသည် အံတင်းတင်းကြိတ်ပြီး အသက်ပြင်းပြင်းရှူလိုက်၏။ "မင်း ဘယ်လိုမှ မနေဘူးပေါ့။"
ကျီချင်းချင်းမှာ သူမ၏မျက်လုံးများကို သေးသေးလေးသာ ဖွင့်နိုင်သည်။ အိပ်ချင်မူးတူး 'အင်း' ဆိုသည့် အသံက ထပ်ထွက်လာပြန်၏။
လုလီရှင်းလက်ထဲမှ စာအုပ်သည် အနည်းငယ် ပြဲသွားသည်။
ဒါပေါ့၊ သရုပ်ဆောင်တစ်ယောက်ရဲ့အလုပ်က သရုပ်ဆောင်ဖို့ပဲ။ အနမ်းခန်းတွေက ဘာအဓိပ္ပါယ်မှမရှိဘူး။
ဒါ့အပြင် သူနဲ့ ကျီချင်းချင်းမှာ လက်ထပ်ထားတယ်ဆိုတာကလွဲရင် သူတို့နှစ်ယောက်က တစ်ယောက်အပေါ်တစ်ယောက် ဘာခံစားချက်မှမရှိဘူး။ သူတကယ်ပဲ သူမရဲ့အလုပ်ကို ဝင်စွက်ဖက်ဖို့ လိုလို့လား။
ဘာမှ စွက်ဖက်စရာ အကြောင်းမရှိဘူး။
တကယ်ဆိုရင် သူတို့နှစ်ယောက်က ဘာမှမပက်သက်ဘူးလေ။
လုလီရှင်းသည် ပွင့်ပွင့်လင်းလင်းပဲ တွေးလိုက်သည်။
လုလီရှင်းသည် ခေါင်းငုံ့ကာ စာပြန်ဖတ်လိုက်သည်။ သို့သော် သူ့စာအုပ်ထဲက စာလုံးများမှာ သူ မဖတ်တတ်သည့် တရုတ်စာလုံးများအဖြစ် ပြောင်းသွားပြီး သူ့မှာ စကားတစ်လုံးမှ နားမလည်နိုင်တော့ပေ။
"ကျီချင်းချင်း"
ကျီချင်းချင်းသည် သူမခန္ဓာကိုယ်အား လှည့်ရန် အချိန်ခဏ ယူလိုက်ရသည်။ သူမမျက်လုံးများကို ပွင့်အောင် မနည်းဆွဲဖွင့်ရင်း မေးလိုက်သည်။ "ဘာဖြစ်တာလဲ။"
"လုအိမ်တော်ရဲ့ ချွေးမအနေနဲ့ အနာဂတ်ကျရင် တခြားလူတွေ မင်းအကြောင်း အတင်းမပြောအောင် လူတွေကြားမှာ မင်းကောင်းကောင်းနေထိုင်ရမယ်။"
ကျီချင်းချင်း၏ အိပ်ချင်စိတ်မှာ တစ်ဝက်လောက် ပျောက်သွားပြီး လုလီရှင်းပြောသည့်စကားများကို သူမခေါင်းထဲတွင် နောက်တစ်ခေါက် ဘာသာပြန်နေ၏။
YOU ARE READING
ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)
RomanceType: Web novel (CN) Associated Names: I'm young and I'm waiting at home for my spouse to return Ta Tuổi Còn Trẻ Tưởng Thủ Sống Quả [ Xuyên Thư ] 我年纪轻轻想守活寡[穿书] English Names: My Wife is My Life! Chinese Author: 公子闻筝 English Translator: Sleepy Transl...