Chapter-78

2.3K 253 3
                                    

Unicode

အခန်း (၇၈) – လတ်တလောမှ ချမ်းသာကြွယ်ဝလာသူ လုလီရှင်းနှင့် သူ့ရဲ့ နူးညံ့သိမ်မွေ့သော ချစ်ဇနီး (၃)

“အန်တီဖေး” ကျီချင်းချင်းသည် အန်တီဖေးကို လက်ရာမြောက်သော လက်ဝတ်ရတနာဗူးကို လက်ဆောင်ပေးလိုက်သည်။ “အန်တီဖေးအတွက် ကျွန်မကိုယ်တိုင် ဒီလည်ဆွဲကို ရွေးဝယ်လာပေးတာနော်။ အန်တီဖေး ဒီလည်ဆွဲကို ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အန်တီဖေး ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ “သခင်မလေး... သခင်မလေး ကျွန်မကို ဘာဖြစ်လို့ လက်ဆောင်ဝယ်လာရတာလဲ။ သခင်မလေး ဒီလိုဝယ်ပေးဖို့ မလိုပါဘူး။”

“အန်တီဖေး ကျွန်မကို ဒီအတောအတွင်း ဂရုစိုက်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်လို့ပါ။ ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ။” ကျီချင်းချင်းသည် လည်ဆွဲပါရှိသော လက်ဝတ်ရတနာဗူးကို အန်တီဖေးဆီသို့ တွန်းပို့ပေးလိုက်သည်။

အန်တီဖေးသည် ဒီလက်ဆောင်ကို လက်ခံဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့ချေ။

"ကျေးဇူးတင်ပါတယ်။"

အကြီးအကဲလုသည် လေးဆယ့်ကိုးလုံးပုတီးကုံးကို အရမ်း သဘောကျနေသည့် အချိန်တွင် အိမ်အကူတစ်ယောက် သယ်ဆောင်လာသော အိတ်ကြီး အိတ်ငယ် အသွယ်သွယ်ထံသို့ သူ့အကြည့်တွေ ကျရောက်သွားခဲ့သည်။ “အဲ့တာတွေက...”

လုလီရှင်းက ရှင်းပြသည်။ “ကျွန်တော် ချင်းချင်းအတွက် အဝတ်အစားအချို့ ဝယ်ပေးခဲ့တာ။”

အကြီးအကဲလုနှင့် အန်တီဖေးတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့နှစ်ယောက်စလုံး တစ်စုံတစ်ခုကို ရုတ်တရတ် ရိပ်မိသွားသလို ခံစားလိုက်ရသည်။

အာ... ဒီကလေးက တခြားလူတွေကို ဂရုစိုက်တတ်ဖို့ သင်ယူတတ်မြောက်လာတာပဲ။

---

ညစာစားပြီးနောက် ကျီချင်းချင်းသည် လုလီရှင်း အိမ်အပေါ်သို့ တက်သွားစဥ် သူ့အတွက် သူမ ဝယ်ယူလာခဲ့သော သားရေခါးပတ်ကို တိတ်တဆိတ် ထုတ်ယူကာ သူမ နောက်ဝယ် ဝှက်ထားခဲ့သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Nơi câu chuyện tồn tại. Hãy khám phá bây giờ