Chapter-183

772 80 0
                                    

အခန်း (၁၈၃)

လုလီရှင်းထံမှ ထုတ်ဖော်ခံရပြီးနောက် လုလီထင်းသည် ထပ်ပြီးအောင့်မထားတော့ရန် ဆုံးဖြတ်လိုက်သည်။ "ဟုတ်တယ်။ သူမက အဲ့လိုလူပဲ။ အရင်က ကျွန်တော့်မှာ ပိုက်ဆံမရှိတုန်းက သူမက အထီးကျန်တာကို မခံစားနိုင်ဘဲ ဒုတိယမျိုးဆက် သူဌေးသားလေးဆီ ခုန်ကူးသွားတာ။ ပြီးတော့ အစ်ကို့ကို ပိုက်ဆံကြောင့် လက်ထပ်ခဲ့တာ။ အစ်ကို့ကို ပိုက်ဆံကြောင့် လက်ထပ်တယ်ဆိုတာ သူမကိုယ်တိုင် ကျွန်တော့်ကို ဝန်ခံခဲ့တယ်။"

"ဟုတ်တယ်၊ သူက ငါ့ကို ပိုက်ဆံကြောင့် လက်ထပ်ခဲ့တာ မှန်တယ်။ ဒါပေမယ့် ရှန်းဝေဝေ ထိခိုက်ဒဏ်ရာရတော့ သူမကို တရားစွဲခဲ့ပြီး ကြေအေးပေးဖို့ ယွမ် သန်းနှစ်ဆယ် တောင်းခဲ့တာကို မင်းသိလား။ သူ့တစ်မိသားစုလုံးရဲ့ စုဆောင်းငွေနဲ့တောင် ယွမ် သန်းနှစ်ဆယ်ကို မတတ်နိုင်တာရော မင်းသိလား။"

"သူမနဲ့ ထိုက်တန်တယ်လေ။"

"အဲ့ဒါကြောင့် အဖိုးက ငါ့ရဲ့ကျန်းမာရေးအတွက် သူမသာ ငါ့ကိုလက်ထပ်မယ်ဆိုရင် ယွမ် သန်းနှစ်ဆယ်ပေးမယ်လို့ ကမ်းလှမ်းခဲ့တာ။ လုလီထင်း အဖိုးက ငါသေပြီးရင် မိသားစုအမွေအကုန်လုံးကို ကျီချင်းချင်းကို ပေးလိုက်မယ်လို့ တကယ် ထင်နေတာလား။"

လုလီရှင်းသည် သူ့အား သေသေချာချာကြည့်ကာ ဆက်ပြောလိုက်သည်။ "ကျီချင်းချင်းက ဒါကိုမသိဘဲနဲ့ လုမိသားစုရဲ့ အမွေတွေအကုန်ရမယ်လို့ ယုံနေတာလို့ မင်းထင်နေတာလား။ သူ့မှာ ရွေးချယ်စရာမရှိခဲ့ရုံပဲ။ သူမက ငါ့ရဲ့ကျန်းမာရေးကောင်းလာဖို့အတွက်နဲ့ အဖိုးဆွယ်တာ ခံခဲ့ရတဲ့လူပဲ။ သူမက အိုးထဲကပုဇွန်လေးပါပဲ။ အဖိုးက ဒါတွေအကုန်နားလည်နေလို့ ကျီချင်းချင်းကို အားနာနေခဲ့တာ။ သူနဲ့ငါ ဒီကိစ္စကို တစ်ခါမက ဆွေးနွေးဖူးတယ်။ ငါက ကျီချင်းချင်းနဲ့ မနေချင်တော့သည်ဖြစ်စေ ဒါမှမဟုတ် ငါက သူမကို နည်းနည်းလေးတောင် မကောင်းမကန်း ဆက်ဆံတာနဲ့ အဖိုးက ကျီချင်းချင်းကို ထွက်သွားစေလိမ့်မယ်။ ပြီးရင် ကျီချင်းချင်းက သူမ ချစ်ရတဲ့သူရှာတွေ့ရင် သူ့ရဲ့မြေးမလေးလို့ အမည်ခံပြီး လက်ထပ်စေလိမ့်မယ်၊ ဒါဆို သူမကို မတရားအမြတ်ယူတာမျိုး မဖြစ်တော့ဘူး။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Hikayelerin yaşadığı yer. Şimdi keşfedin