Chapter-176

752 65 0
                                    

အခန်း (၁၇၆)

ရုပ်ရှင်အဖွဲ့သားများမှာ အတွေ့အကြုံရှိပြီးသားများ ဖြစ်သည့်အလျောက် နေရောင်အောက်မှာ သက်သေက ထင်ထင်ရှားရှား ပေါ်နေသကဲ့သို့ပင်။ ရှန်းဝေဝေအပြစ် မဟုတ်တာ ထင်ရှားနေတာပဲလေ။

ကျီချင်းချင်းသည် မိတ်ကပ်ပြန်ပြင်နေရင်းနှင့် သူမဆီသို့ ကြည့်လာသော ထူးထူးဆန်းဆန်း အကြည့်များကို လက်ခံရရှိလိုက်သည်။ ပျော်စရာပဲ။

ရှန်းဝေဝေ‌တစ်ယောက် ဒီလိုဒရာမာမျိုးကို တမင်ချိုးတယ်ဆိုတာ သူမ သိနေတယ်။ သူမအခန်းက ပြီးတော့မှာဆိုတော့ ပြဿနာတွေ ရှုပ်ထွေးသွားအောင် လုပ်သွားချင်ပုံပဲ။

အဲ့တော့ ငါက ခုတုံးလုပ်ခံလိုက်ရတာပေါ့။

"တော်ပြီ၊ မင်း တောင်းပန်မနေနဲ့တော့၊ ဒီခွက်လေးတစ်ခွက်ကို ဘာဖြစ်လို့ မကိုင်နိုင်ရတာလဲဆိုတာပဲ ရှင်းပြစမ်းပါ။"

ရှန်းဝေဝေသည် ကျီချင်းချင်းအား တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများမှာ မတရားခံထားရသဖြင့် နီ‌ရဲနေသည့်ပုံပင်။ "ပန်းကန်က ချောနေတော့ အစ်မချင်းချင်း ရုန်းကန်တဲ့အခါ မထိန်းနိုင်ဘဲ လွတ်ကျသွားတဲ့ပုံပါပဲ။ ကျွန်မ ကောင်းကောင်း မထိန်းနိုင်လိုက်ဘူး ..."

ကြည့်ရတာ သူမကို တစ်ယောက်ယောက်က အနိုင်ကျင့်နေသည့်နှယ်။

ဒါရိုက်တာကျိုးသည် ကျီချင်းချင်းဘက်သို့လှည့်ကာ ခပ်တင်းတင်း ပြောလိုက်သည်။ "ချင်းချင်း ရုန်းတဲ့အခါ တအားမရုန်းနဲ့။ တစ်ယောက်နဲ့တစ်ယောက် အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်ကြ။"

ကျီချင်းချင်းက "ဟုတ်ကဲ့"ဟု တုံ့ပြန်လိုက်သည်။

သူတို့နှစ်ယောက်သည် သူတို့၏ဇာတ်ရုပ်များသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။ ရှန်းဝေဝေသည် ဆန်ပြုတ်ပန်းကန်အား ကျီချင်းချင်း၏ပါးစပ်ဆီတေ့ကာ လက်တစ်ဖက်မှ သူမမေးစေ့အား ကိုင်ထားသည်။ "သောက်လိုက်။ ရှင့်ဆွေမျိုးတွေလည်း တစ်ယောက်မှမကျန်တော့ဘူး၊ ရှင်တစ်ယောက်တည်းပဲ ကျန်တော့တာ။ ဒါက ကျွန်မ ရှင့်ကို မျက်နှာသာပေးတာပဲ။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Tempat cerita menjadi hidup. Temukan sekarang