Chapter-98

1.8K 183 1
                                    

Unicode

အခန်း (၉၈)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကျီချင်းချင်းသည် နံရံကိုမှီ၍ သူမ ဗိုက်လေးကို လက်ဖြင့် အသာဖုံးအုပ်ထားသည်။ သူမရဲ့ စိတ်ဆုံးဖြတ်ချက်က ခိုင်မာနေခဲ့သည်။ လုလီရှင်းသည် သူမ ဤကဲ့သို့ ဆက်လုပ်နေခြင်းကို မကြည့်နိုင်တော့ပဲ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူမခါးကိုကိုင်ပြီး ပင့်မြှောက်လိုက်သည်။

ကျီချင်းချင်းသည် အံ့သြတကြီး တိုးတိုးလေး အသံပြုမိသည်။ သူမနှလုံးသားဟာ ဝုန်းဒိုင်းကြဲ အခုန်မြန်သွားကာ မသိစိတ်ကနေ သူ့လည်ပင်း သူမလက်တွေဖြင့် တင်းကြပ်စွာ သိုင်းဖက်မိသည်။ သူမက သူ့ကို အံ့အားတသင့် ကြည့်ပြီး "ရှင် ဘာလုပ်နေတာလဲ။" လို့ မေးမိသည်။

လုလီရှင်းသည် သူမမေးခွန်းကို အဖြေပြန်မပေးခဲ့ပေ။ အဲ့ဒီအစား သူက သူမကို ကုတင်ပေါ် ချီပို့ပေးပြီး သူမကို စောင်ခြုံပေးသည်။ "ဒီမှာ ခဏစောင့်နေ။"

ထိုသို့ပြောပြီးသည်နှင့် သူက လှည့်ထွက်သွားပြီး အိမ်အောက်ထပ်သို့ ဆင်းသွားခဲ့သည်။

သူက အမျိုးသမီးတွေရဲ့ ကိစ္စရပ်အကြောင်း နားမလည်တာကြောင့် သူမရဲ့ နာကျင်မှုကို သက်သာသွားအောင် ဘယ်လိုလုပ်ပေးရမှန်းကို မသိပေ။ သို့သော် ကျီချင်းချင်းသည် သူမရဲ့ နာကျင်မှုကို သက်သာစေရန် အကိုက်အခဲပျောက်ဆေး နှစ်လုံးလောက် သောက်လိုက်လျှင် သက်သာသွားလိမ့်မယ်လို့ ပြောခဲ့သည့်အတွက် အန်တီဖေးထံမှ ဆေးတောင်းဖို့ အောက်ထပ်သို့ ဆင်းသွားခဲ့တာ ဖြစ်သည်။

သူက ဗီလာတစ်ဝိုက် လှည့်ပတ်ရှာဖွေခဲ့သော်လည်း အန်တီဖေးကို ရှာမတွေ့သေးပေ။ သူက အခြားအစေခံတစ်ယောက်ကို မေးကြည့်ရာ အန်တီဖေးသည် ကွယ်လွန်သူ မစ္စလုရဲ့ ကျန်ရစ်ခဲ့သော ဥယျာဥ်ရှိ ပန်းပင်တွေနှင့် အပင်များကို ပြုစုစောင့်ရှောက်ပေးနေကြောင်း သိလိုက်ရသည်။

"အန်တီဖေး၊ အန်တီဆီမှာ အကိုက်အခဲပျောက်ဆေး ရှိလား။"

"အကိုက်အခဲပျောက်ဆေးလား။" အန်တီဖေးသည် အပင်လောင်းသည့် ရေကရားလေးကို အောက်ချလိုက်ပြီး မေးသည်၊ "သခင်လေး နေမကောာင်းလို့လား။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Hikayelerin yaşadığı yer. Şimdi keşfedin