Chapter-24

3.1K 407 0
                                    

Unicode

အခန်း(၂၄) - ဒီလိုပြောပြီးတဲ့နောက်မှာ ကျီချင်းချင်းက လုလီရှင်းရဲ့ ခန္ဓာကိုယ်ကို ဖုံးထားတဲ့စောင်ကို အပေါ်သို့ ဖြည်းဖြည်းချင်းဆွဲတင်ရင်း သူ့မျက်နှာကို ဖုံးအုပ်ပေးလိုက်သည် (၂)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

တစ်ချိန်တည်းမှာပင် ထျန်းယွီအင်တာတိန်းမန့်ရဲ့ ဒါရိုက်တာရုံးခန်းအတွင်းမှာ ကျိုးထီက မုန့်ရွှင်းကို ကြည့်နေလေသည်။ မုန့်ရွှင်းသည် တစ်စုံတစ်ယောက်ကို အပြစ်တင်ဖို့ အားယားနေဟန်ဖြင့်  ကျိုးထီကို စိုက်ကြည့်နေခဲ့သည်။

“မင်း ဘာလို့ ဒီနေရာကို ရောက်လာတာလဲ”

မုန့်ရွှင်းသည် မထိုင်ချမီ စာရွက်စာတမ်းများစွာကို သူ့စားပွဲပေါ်သို့ ပစ်ချလိုက်သည်။

“ဒါရိုက်တာကျိုး ဝေဝေကို အဲ့ဒီထောက်ခံချက်တွေပေးမယ်လို့ ရှင် သဘောမတူခဲ့ဘူးလား။ ကျွန်မ အဲ့ဒီအမှတ်တံဆိပ်နဲ့ ရိုက်ကူးရေးလုပ်ဖို့ကို စီစဥ်ပြီးပြီ။ အဲ့ဒီထောက်ခံချက်တွေကို ဖျက်သိမ်းလိုက်ပြီလို့ ကျွန်မကို ဘာကြောင့် ပြောရတာလဲ”

စိတ်ဆိုးဒေါသထွက်နေသော မုန့်ရွှင်းနှင့် နှိုင်းယှဥ်လျှင် ကျိုးထီကတော့ ငြိမ်သက်နေသည်။ သူက အပြုံးဖြင့် “မုန့်ရွှင်း မင်းက ဒီကုမ္ပဏီမှာ ခဏနေဖူးတဲ့သူလည်း ဟုတ်တာပဲ။ ဒီထောက်ခံချက်တွေကို ကုမ္ပဏီက စေ့စပ်ညှိုနှိုင်းတယ်ဆိုတာကို မင်း သိသင့်တယ်။ ဒါက ကုမ္ပဏီအထက်ပိုင်းက လူကြီးတွေက ဘယ်သူကို ပေးသင့်လဲ၊ပေးချင်လဲဆိုတာ သူတို့ ဆုံးဖြတ်တာပဲ။ စာချုပ်တွေမှာ လက်မှတ်မထိုးရသေးသရွေ့ ဘာမဆို ဖြစ်သွားနိုင်တယ်”

မုန့်ရွှင်းက သရော်လိုက်သည်။ “ဟုတ်ပြီ၊ ဒါဆို ကျွန်မကို ပြောပြ၊ ဒီထောက်ခံချက်တွေကို ဘယ်သူ့ဆီ ပေးလိုက်တာလဲ”

“သူတို့ အရင်ရိုက်ဖို့လုပ်ထားတဲ့ မင်းသမီးဆီကိုပေါ့”

မုန့်ရွှင်းသည် ခဏတာမျှ အံ့သြတုန်လှုပ်သွားမိသည်။ မကြာမီမှာပဲ သူမမျက်ခုံးတွေကို ပင့်လိုက်တယ်။ မုန့်ရွှင်းက မယုံနိုင်သည့်ဟန်ဖြင့် ကျိုးထီကို ကြည့်လိုက်သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now