Unicode
အခန်း (၈၇)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)ကျီချင်းချင်းသည် လူတိုင်းကို အမှန်တရားကို သိစေချင်သည်။ မူလပိုင်ရှင်ရဲ့ ခန္ဓာကိုယ်သို့ သူမ ကူးပြောင်းလာတယ် ဆိုကတည်းက မူလပိုင်ရှင်ရဲ့ အရှုပ်အထွေးများကို သဘာဝအတိုင်း ဖြေရှင်းပေးရလိမ့်မည်။
သူမ ပြုပြင်ပေးရန် ပထမဆုံး လိုအပ်သည်မှာ သူမရဲ့ စရိုက်လက္ခဏာနှင့် သူမရဲ့ စရိုက်အပေါ် လူတွေရဲ့ အမြင်ကိုပင် ဖြစ်သည်။
သူမရဲ့ ဇာတ်ကောင်စရိုက်နှင့် နာမည်ဂုဏ်သတင်းကို ကယ်တင်ဖို့ အချိန်မနှောင်းသေးဘူးလို့ မျှော်လင့်ပါသည်။
ရှန်းဝေဝေက သူမကို ကျီချင်းချင်းက ဘာ့ကြောင့် ဒီလို လုပ်စေချင်တာလဲ ဆိုတာကို အတိအကျ သိသည်။ တကယ်လို့ သူမက ကျီချင်းချင်း လုပ်စေချင်တာကို လုပ်ပေးခဲ့ရင် ကျီချင်းချင်းက ဒီအရေးကိစ္စမှာ အသာစီးရသွားလိမ့်မည်။
အရင်က သူမ ကျီချင်းချင်းကို တိုက်ခိုက်ရန် ပရိသတ်များစွာကို လှည့်စားခဲ့သည်။ သူမသည် အမှန်တရားနှင့် ဖြစ်ပျက်ခဲ့သော အဖြစ်မှန်ကိုပင် လှည့်စားခဲ့သေးသည်။ သူမသည် ကျီချင်းချင်းကို ဆန့်ကျင်တိုက်ခိုက်ဖို့ ပရိသတ်တွေကို လှုံ့ဆော်ရန် ရေတပ်ကိုပင် အသုံးပြုခဲ့သည်။ ရလဒ်အနေဖြင့် ကျီချင်းချင်းရဲ့ နာမည်ဂုဏ်သတင်းမှာ လုံးဝ မှောင်မည်း ပျက်စီးသွားခဲ့သည်။ အခု...
"တကယ်လို့ နင်က ငါ့ရဲ့တောင်းဆိုချက်တွေကို သဘောမတူဘူးဆိုရင် ငါ နင့်ကို တရားစွဲဖို့ စီစဥ်ထားတဲ့အတိုင်း ဆက်လုပ်ရလိမ့်မယ်။"
ရှန်းဝေဝေသည် အလွန်အားနည်းသောကြောင့် မိမိကိုယ်မိမိ မုန်းတီးခဲ့သည်။ သူမက အံ့တင်းတင်းကြိတ်ပြီး သူမဒေါသတွေကို ပြန်ထိန်းလိုက်သည်။ သူမက ရှိုက်ကြီးတငင် ငိုကြွေးကာ သဘောတူလိုက်သည်။ "... ကောင်းပါပြီ၊ ငါ နင့်တောင်းဆိုချက်တွေကို သဘောတူပါတယ်။"
ကုရှောက်ယွီက ကျီချင်းချင်းကို ဒေါသတကြီး ပြစ်တင်ကြိမ်းမောင်းလိုက်သည်။ "ကျီချင်းချင်း၊ နင် အရမ်းလွန်လွန်းတယ်။"
YOU ARE READING
ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)
RomanceType: Web novel (CN) Associated Names: I'm young and I'm waiting at home for my spouse to return Ta Tuổi Còn Trẻ Tưởng Thủ Sống Quả [ Xuyên Thư ] 我年纪轻轻想守活寡[穿书] English Names: My Wife is My Life! Chinese Author: 公子闻筝 English Translator: Sleepy Transl...