Chapter-47

2.5K 285 2
                                    

Unicode

အခန်း(၄၇) - လုလီရှင်းက ဘာ့ကြောင့် အသက်ရှင်နေသေးတာလဲ (၃)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

စာကြည့်ခန်းထဲမှာတော့ ဒေါက်တာကျိုးသည် လုလီရှင်းအား နေ့စဉ်ကျန်းမားရေးစစ်ဆေးခြင်းကို လုပ်ဆောင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ဆေးရုံအုပ်ချန်းက ဒီအိမ်ကိုပို့လိုက်လို့ ဒေါက်တာကျိုးရောက်လာရခြင်းဖြစ်သည်။ လုလီရှင်းဆေးရုံတက်ပြီး တစ်နေ့လုံးတစ်ညလုံး‌ ဆေးရုံမှာနေရသည့်အချိန်တွင် ဒေါက်တာကျိုးဟာ ဆေးရုံအုပ်ချန်းနောက်လိုက်ပြီး လုလီရှင်းကို ကု‌သပေးသည့်နေရာမှာ ပါဝင်ခဲ့သည်။ ထိုကြောင့် လုလီရှင်း၏ရောဂါအခြေအနေကို သူ ကောင်းကောင်းနားလည်နေခဲ့သည်။

လုလီရှင်းဟာ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး သူ့ရဲ့ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ စတင်ပျက်စီးလာခဲ့သည်။ ဆေးရုံမှာ လုလီရှင်းသည် အသည်းအသန်ဖြစ်ပြီး ပြန်ကယ်တင်နိုင်ခဲ့တာ သုံးကြိမ်ရှိပြီ။ လုလီရှင်း အသက်ဆုံးရှုံးခါနီးအထိဖြစ်တာကို လူတိုင်းသိကြသည်။ လုလီရှင်း ဆေးရုံမှဆင်းသွားသည့်နေ့မှာ သူ့လူနာရဲ့အခြေအနေက ဒီထက်ပိုပြင်းထန်မယ်ဆိုရင် အိမ်အထိတောင်ခံမှာမဟုတ်ဘူးလို့ ဒေါက်တာကျိုးက ခန့်မှန်းခဲ့သည်။

သို့သော် လုလီရှင်းသည် လုမိသားစုအိမ်တော်တွင် သုံရက်ကြာ နေထိုင်နေခဲ့ပြီးပြီဖြစ်သည်။ လုလီရှင်းဟာ အသက်ရှင်နေရုံသာမက သူ့အသားအရေသွင်ပြင်လက္ခဏာများဟာ တစ်နေ့ထက်တစ်နေ့ တိုးတက်ကောင်းမွန်လာခဲ့သည်။ လုလီရှင်းဟာ သူ၏အချိန်များကို ပြန်လည်ထူထောင်ရေးနှင့် အချိန်ကုန်ဆုံးနေခဲ့သော်လည်း သေလုနီးပါး‌ဖြစ်နေသည့် လူနာပုံစံတော့ လုံးဝဖြစ်မနေခဲ့ပါဘူး။

သူ့ရဲ့စိတ်ဝိညာဉ်က လုအိမ်တော်မှာရှိနေသည့် တခြားလူအာလုံးထက် ကောင်းမွန်နေခဲ့သည်။

လုလီရှင်းသည် ကျီချင်းချင်း၏အခန်းထဲမှ ထွက်သွားပြီးနောက်တွင် စာကြည့်ခန်းကိုပဲ တန်းသွားလိုက်ပြီး နောက်မှီခုံပေါ်ကို ထိုင်ချလိုက်သည်။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေဟာ ကောင်းမွန်လာပြီဆိုတာ ဒေါက်တာကျိုးသိနေသော်ငြားလည်း သူ့မျက်လုံးထဲမှာတော့ အပြင်းအထန် နာမကျန်းဖြစ်နေသည့်လူနာလိုပဲ ယူဆနေခဲ့သည်။ Little A ၏ တည်ရှိမှုအကြောင်းကို အကြီးအကဲလုအား မရှင်းပြနိုင်ခဲ့ပါ။ ဒေါက်တာကျိုးသည် သူ့အား ပုံမှန်စစ်ဆေးနေတာပဲလို့ သူ လက်ခံထားလိုက်သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now