Chapter-131

1K 94 1
                                    

အခန်း (၁၃၁)

ရေချိူခန်းထဲမှ လုလီရှင်းထွက်လာသည်ကို မြင်သောအခါ လက်ထောက်ဒါရိုက်တာလင်း၏ မျက်လုံးများသည် နီရဲကာ ပေါက်ကွဲလုမတတ် ဖြစ်လာသည်။

"သူက ဘယ်သူလဲ၊ ကျီချင်းချင်း"

လက်ထောက်ဒါရိုက်တာလင်းသည် လုလီရှင်းကို မမှတ်မိချေ။

သူ မမှတ်မိသည်မှာလည်း မဆန်းပေ။ လုလီရှင်းသည် ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်ရုံသာမက အလုပ်လည်း ကြိုးစားသည်။ သိုသိုသိပ်သိပ် နေတတ်ပြီး အခမ်းအနားများလည်း သိပ်မတက်ပေ။ သူတို့နှစ်ယောက် သေသေချာချာ မိတ်ဆက်ဖူးခြင်း မရှိသည့်အတွက် တစ်ယောက်နှင့် တစ်ယောက် မမှတ်မိခြင်းသည် ပုံမှန်ပင် ဖြစ်သည်။

လက်ထောက်ဒါရိုက်တာလင်းသည် ယနေ့ညတွင် ဤနေရာကိုလာရန် အစီအစဉ်မရှိခဲ့ပေ။ လွန်ခဲ့သည့် နာရီအနည်းငယ်လောက်က ကျီချင်းချင်း၏ လက်ထောက်သည် သူ့ကိုရှာနေသည်ဟု ဝန်ထမ်းတစ်ယောက်က လှမ်းအကြောင်းကြားခဲ့သောကြောင့် ဖြစ်သည်။

ကျီချင်းချင်း၏ လက်ထောက်ကို မုန့်ရွှင်းဟု ထင်ထားသော်လည်း သူ့ကိုလာရှာသူမှာ ချင်ယွဲ့ဖြစ်သည် ။ ကျီချင်းချင်းသူမ၏ လက်ထောက်အား ဘာကြောင့် ပြောင်းလိုက်သည်ကို စဉ်းစားနေစဉ်မှာပင် ချင်ယွဲ့ရောက်လာကာ မနက်ဖြန်မှစ၍ ကျီချင်းချင်းသည် ရိုက်ကူးရေး အဖွဲ့သားများနှင့် ပြန်လည်တွေ့ဆုံမည် ဖြစ်ကြောင်းပြောသည်။ ထိုအခါမှသာ ကျီချင်းချင်းရုပ်ရှင်ဇာတ်လမ်းများ ပြန်လည်ရိုက်ကူးတော့မည်‌ဖြစ်ကြောင်း သိရသည်။

မတော်တဆမှု မဖြစ်ခင်ကပင် လင်းယွဲ့သည် ကျီချင်းချင်းအား သူတို့၏ သဘောတူညီချက်ကို ဖြည့်ဆည်းပေးရန် နှစ်လကျော် စောင့်ပေးခဲ့လေသည်။ သို့သော်လည်း မူလ ကျီချင်းချင်းသည် သူမ၏ ပေးချေမှုကို ဆက်တိုက် နှောင့်နှေးစေခဲ့သည်။ ကျီချင်းချင်းသဘောတူညီထားချက်ကို ဖျက်တော့မည်ထင်၍ သူမအား ရုပ်ရှင်ဇာတ်လမ်းတွဲများသို့ နောက်ပေါက်က ဝင်စေခဲ့သော သူ၏ကြိုးစားအားထုတ်မှုများသည် အချည်းနှီးဖြစ်တော့မည်ဟု နောင်တရခဲ့သေးသည်။ သဘောတူညီချက်ကို ဖောက်ဖျက်ရန် ကြိုးစားနေသော သူမအား သင်ခန်းစာပေးရန် ပြင်ဆင်ခဲ့လေသည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Tahanan ng mga kuwento. Tumuklas ngayon