Chapter-9

3.8K 430 2
                                    

Unicode

အခန်း (၉) - လုလီရှင်းသည် သူ့ကိုယ်ပိုင်အသုဘကို သူကိုယ်တိုင်တက်ရောက်နေသည်ဟု ခံစားရကာ သူ့မျက်မှောင်ကိုတင်းတင်းကြုတ်ထားမိသည် (၂)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ရုတ်တရတ် အခန်းတံခါးပွင့်လာသောအခါ သူတို့ အံ့အားသင့်သွားကြသည်။ လင်ဗန်းတစ်ခုကို ကိုင်ထားသောသူနာပြုတစ်ယောက်သည် အခန်းထဲသို့ ဝင်လာခဲ့သည်။ “မစ်စတာလု…” စုံတွဲတစ်တွဲရဲ့ ရင်းနှီးစွာပွေ့ဖက်နေမှုကို မြင်တွေ့လိုက်ရသောကြောင့် သူနာပြုငယ်လေး၏ မေးစေ့ဟာ မြေပေါ်သို့ကျလုမတတ် ပါးစပ်အဟောင်းသာ ဖြစ်သွားမိသည်။ သူမသည် ဘေးကျပ်နံကျပ်အခြေအနေသို့ ကျရောက်သွားခဲ့သည်။ သူမသည် အခန်းထဲသို့ ဆက်ဝင်လာသင့်လား ဒါမှမဟုတ် ထွက်သွားသင့်လား။

“သူနာပြု ရောက်လာပြီ” လို့ ပြောရင်း ကျီချင်းချင်းသည် သူ့ရင်ဘတ်ပေါ်မှရုန်းထကာ လုလီရှင်းဆုပ်ကိုင်ထားသည့် သူမလက်ကောက်ဝတ်ကို ရုန်းထွက်ဖို့ အစွမ်းကုန် ကြိုးစားလိုက်သည်။

ကျီချင်းချင်းသည် သူနာပြုကို လှမ်းပြောလိုက်သည်။ “အဆင်ပြေပါတယ်။ ရှင်ဝင်လာလို့ ရပါတယ်ရှင့်”

-- "နောက်ဆုံး ဆယ်စက္ကန့်"
"ကျီချင်းချင်း"

အခန်းအပြင်ဖက်မှာ လူရှိနေသောကြောင့် ကျီချင်းချင်းသည် သူမအသံကိုတိုးလိုက်သော်လည်း ဒေါသကြောင့် သတ်ချင်စိတ်ပေါက်နေသည့်အသံဖြင့် “ဒီကို တစ်ယောက်ယောက်‌ ရောက်လာတယ်လေ။ ကျွန်မတို့ ဒီအကြောင်းကို နောက်မှပြောလို့မရဘူးလား” ဟု ပြောလိုက်သည်။

“ထွက်သွား” လုလီရှင်းသည် သူနာပြုကို အော်ထုတ်လိုက်သည်။

-- "နောက်ဆုံး ငါးစက္ကန့်"

သူ့နှလုံးသားမှာ အလွန်စူးရှနာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လုလီရှင်းသည်လည်း ဒေါသကြောင့် အံတင်းတင်း ကြိတ်လိုက်မိသည်။ လုလီရှင်းသည် သူလိုချင်တာကို မရမချင်း လက်လျှော့ပေးမှာ မဟုတ်ဘူး။

“ဇနီး”

ကျီချင်းချင်းလည်း ဒေါသထွက်သွားသည်။ သူမလက်ကောက်ဝတ်ကို လုလီရှင်းရဲ့ဆုပ်ကိုင်ထားမှုကြောင့် မကျိုးသွားစေချင်ဘူး။ အခြားရွေးချယ်စရာ မရှိသောကြောင့် ရှူးရှူးရှဲရှဲအသံထွက်ကာ “ခင်ပွန်း” လို့ ခေါ်လိုက်သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Tempat cerita menjadi hidup. Temukan sekarang