အခန်း (၁၄၉)
လုလီရှင်းနှင့် သူမကြားရှိ အကွာအဝေးသည် တိုတောင်းလှပေသည်။ သူ့အသက်ရှူသံကိုပင် သူမ ခံစားနိုင်နေသည်။ သူမရဲ့ နှလုံးခုန်သံလည်း မြန်ဆန်လာသည်။ တစ်ကိုယ်လုံးတောင့်တင်းလျက် တုန်လှုပ်နေလေသည်။ ဇာတ်ညွှန်းစာရွက်ကို ကောက်ကိုင်လျက် ရင်ဘတ်ရှေ့တွင် ဒိုင်းသဖွယ် ကာရံလိုက်လေသည်။ လုလီရှင်းအားကြည့်ကာ စိုးရွံ့နေမိလေသည်။
အပြစ်ရှိသလို ခံစားမိလျှင် ယခုကဲ့သို့ ပြုမူမိကြသည်ချည်း ဖြစ်လေသည်။
- "တစ်မိနစ်သာ ကျန်တော့သည်။"
လုလီရှင်းသည် ငုံ့လျက် ကျီချင်းချင်း၏ မသက်မသာအမူအရာကို ကြည့်လိုက်သည်။
သူမ၏နားရွက်များသည် နီရဲနေလေသည်။ လုလီရှင်း၏ မျက်လုံးများသည် နက်မှောင်လာကာ လည်ပင်းသည် လှုပ်လာသည်။
"စောနက... တကယ်တော့..."
သူသည် ကျီချင်းချင်း၏ နားရွက်နားကပ်ကာ တီးတိုးပြောလိုက်သည်။ "ဘေဘီ၊ ကိုယ်လည်း မင်းကိုချစ်ပါတယ်။"
ဖလပ် ___
ထူထဲသော ဇာတ်ညွှန်းစာရွက်သည် ကျီချင်းချင်းလက်ထဲမှနေ၍ လုလီရှင်းခြေထောက်နားသို့ ကျသွားလေသည်။
"အာ" ကျီချင်းချင်းသည် နားကြားမှားသလို ကြောင်နေလေသည်။
- "တုန့်ပြန်မှုအောင်မြင်သည်၊ ကျန်းမာရေးအမှတ် + ၁ မှတ်၊ ၄ နာရီကြာ ရှင်သန်နိုင်သေးသည်။"
- "နေ့စဉ်တာဝန် သုံးပုံတစ်ပုံပြီးမြောက်၊ ကျန်းမာရေးအမှတ် + ၁ မှတ်၊ ၅ နာရီကြာ ရှင်သန်နိုင်သေးသည်။"
ခဏအကြာတွင် ကျီချင်းချင်းသည် လှုပ်လာသည်။
ကိုယ်လည်း မင်းကိုချစ်ပါတယ်တဲ့၊ လုလီရှင်းသည် သူ့အား တကယ်ချစ်သည်ဟု အထင်မမှားနိုင်ပါ။
ကျီချင်းချင်း၏မျက်နှာသည် ရဲတွတ်လာပြန်လေသည်။ ရှက်ရွံမှုကြောင့် ခြေချောင်းလေးများပင် ကွေးထားပေသည်။
"မ မဟုတ်ပါဘူး၊ ရှင်ထင်နေသလို မဟုတ်ပါဘူး၊ ရှင်... ရှင် ကျွန်မပြောတာ နားထောင်ပါ၊ ကျွန်မက စာ စာသားတွေ အလွတ်ကျက်နေတာပါ၊ မယုံဘူးဆိုရင် ပြမယ်"
![](https://img.wattpad.com/cover/279714628-288-k885403.jpg)