Unicode
အခန်း(၄၁) - "လုလီရှင်း ရှင် လူဆိုးပဲ..." (၁)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)ကျီချင်းချင်းသည် အကြင်နာကင်းမဲ့စွာဖြင့် လုလီရှင်းကို အခန်းအပြင်ဖက်မှာ ထားရစ်ခဲ့သည်။
ဒီည အတူတူအိပ်လို့ရမလား။
ဘယ်လို ပြောလိုက်တာလဲ။
ယောကျာ်းနဲ့မိန်းမလက်ထပ်ပြီး ရက်အနည်းငယ်အကြာမှာ ခုတင်တစ်ခုတည်း အတူတူအိပ်ရတော့မှာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို တစ်သက်လုံး ရှောင်လွဲနိုင်မှာမဟုတ်ဘူး။
ကျီချင်းချင်း အရမ်းဒေါသထွက်သွားခဲ့သည်။
စိတ်တိုနေသောကြောင့် သူမအခန်းကို တစ်ပတ်ပတ်ကာ လမ်းလျှောက်လိုက်ပြီးမှပဲ သူမ စိတ်ပြန်တည်ငြိမ်သွားခဲ့သည်။
လွန်ခဲ့သည့်ရက်များက လုလီရှင်းရဲ့ကျန်းမာရေး အခြေအနေကောင်းလွန်းနေသောကြောင့် လုလီရှင်းဟာ မကြာခင်သေတော့မည့်သူဆိုတာကို သူမမေ့လျော့နေခဲ့သည်။
သူမ တံခါးကိုဆောင့်ဖွင့်လိုက်ပြီး အကျီပွပွဝတ်ဆင်ထားသည့် သူမအခန်းရှေ့တွင် ရစ်သီရစ်သီလုပ်နေသည့်သူကို သူမ စိုက်ကြည့်လိုက်သည်။
စင်္ကြံလမ်း၏အလင်းရောင်ဟာ မှုန်မှုန်ဝါးဝါးဖြစ်နေခဲ့သည်။ မီးအလင်းရောင်ဟာ လိမ္မော်ရောင်သန်းနေပြီး လုလီရှင်းပေါ်ကိုသာ ထိုအလင်းဟာ ကျရောက်နေခဲ့သည်။
သူမဟာ မှိန်နေသည့်အလင်းရောင်ကြောင့် လုလီရှင်း၏မျက်နှာအမူအရာကို မမြင်ရပေ။ မှိန်ဖျော့ဖျော့အလင်းရောင်အောက်က အထီးကျန်နေသည့်သူ့၏ပုံရိပ်ကိုသာ သူမ တွေ့ခဲ့ရသည်။
သူမ တံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ စင်္ကြံလမ်းတစ်လျှောက်လုံးကို တောက်ပသည့်အလင်းရောင်များဖြာကျလာခဲ့ပြီး လုလီရှင်းအပေါ် ကျရောက်နေသည့်အမှောင်ရိပ်ကို ဖြိုခွဲပစ်လိုက်သည်။
"ရှင် ခုနကဘာပြောလိုက်တာလဲ။"
"တစ်ညလောက် အတူတူအိပ်ကြရအောင်လို့ ပြောလိုက်တာလေ။"
"ဘယ်လိုမျိုး အိပ်ကြမှာလဲ။" ဆိုပြီး ကျီချင်းချင်းက မေးလိုက်သည်။
YOU ARE READING
ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)
RomanceType: Web novel (CN) Associated Names: I'm young and I'm waiting at home for my spouse to return Ta Tuổi Còn Trẻ Tưởng Thủ Sống Quả [ Xuyên Thư ] 我年纪轻轻想守活寡[穿书] English Names: My Wife is My Life! Chinese Author: 公子闻筝 English Translator: Sleepy Transl...