Chapter-180

1K 93 2
                                    

အခန်း (၁၈၀)

ရိုက်ကွင်းအပြင်ဘက်မှာ သူမြင်ခဲ့တာကမှ တကယ့်အမှန်တရားလား။ ကျီချင်းချင်းက ဝေဝေ့ကို တမင်ချောက်ချတာ မဟုတ်ဘူးဆိုရင် ဒါဆို .....

ဟင့်အင်း မဖြစ်နိုင်တာ။

ဝေဝေက သူနဲ့ အတူတူရှိလာတာ လေးနှစ်တောင်ရှိပြီ။ ဝေဝေက ဒီလိုလူမျိုးသာဆို ဘယ်လိုလုပ်ပြီး သူ မသိဘဲနေမှာလဲ။ တစ်ဖက်မှာတော့ ကျီချင်းချင်းက မာနကြီးပြီး တစ်ကိုယ်ကောင်းဆန်တယ် ပိုက်ဆံမက်ပြီး ကိုယ်ကျိုးရှာတတ်သူသာဖြစ်သည်။ ဒီလိုလူတစ်ယောက်ရဲ့စကားကို ဘယ်လိုလုပ်ယုံရမှာလဲ။

"ရှင် အခုထိ ကျွန်မကို လိမ်နေတုန်းပဲ။ ကျီချင်းချင်းပြောတာကို ရှင်ယုံနေတာ မဟုတ်လား။ အခုတော့ ရှင်က ကျွန်မကို လှည့်စားတတ်တဲ့မိန်းမတစ်ယောက်လို့ ထင်နေပြီမဟုတ်လား။" ရှန်းဝေဝေသည် သူ့အား ဝမ်းနည်းစွာပြုံးပြကာ ငိုရှိုက်လိုက်သည်။ "ရှင် ကျွန်မကိုယုံကြည်ပေးဖို့ ဘာဖြစ်လို့ မကြိုးစားရတာလဲ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ရှင်နဲ့ အတူတူ အခက်အခဲတွေ ကျော်ဖြတ်လာတာ ကျွန်မပါ။ ကျွန်မက ရှင် ပိုက်ဆံရှိလား မရှိလား ဆိုတာ ဘာဖြစ်လို့ ဂရုစိုက်နေရမှာလဲ။"

လုလီထင်း၏အတွေးတို့မှာ သူမရဲ့ စကားကြောင့် နှောင့်ယှက်ခံလိုက်ရ၏။ "ဝေဝေ ကိုယ်ပြောမယ်။ ကိုယ် အဲ့လို မရည်ရွယ်ပါဘူး။"

ရှန်းဝေဝေသည် သူမမျက်လုံးထောင့်မှ မျက်ရည်တို့အား သနားစရာကောင်းစွာသုတ်လိုက်ပြီး ခိုင်မာစွာ ပြောလိုက်သည်။ "လုလီထင်း သေချာနားထောင်။ ရှင်ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျွန်မ ရှင့်ကို လူသားတစ်ယောက်အနေနဲ့ပဲ ချစ်တယ်။ ရှင့်ရဲ့ မိသားစု ရှင့်ရဲ့အဆင့်အတန်းတွေကို မဟုတ်ဘူး။ ကျွန်မက ရှင့်ကိုပဲချစ်တာ ကြားလား။"

လုလီထင်း၏ နှလုံးသားလေး အခုန်မြန်သွားသည်။ ရှန်းဝေဝေ၏ အပြစ်ကင်းစင်သော မျက်နှာလေးအား ကြည့်ပြီး ကျီချင်းချင်း၏ စကားများကိုယုံကာ စက္ကန့်ဝက်လောက် သံသယဝင်မိသွားတဲ့ ကိုယ့်ကိုယ်ကို ဒေါသထွက်သွားရ၏။

"ဝေဝေ စိတ်မပူပါနဲ့။ အခုကစပြီး ကိုယ်မင်းကို ဘာဆို ဘာမှ မဖုံးကွယ်ထားတော့ပါဘူး။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now