Chapter-29

2.9K 345 1
                                    

Unicode

အခန်း(၂၉) - မဟုတ်ဘူး၊ ကိုယ် သေသွားပြီ (၃)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

"နိုး... နိုး... နိုး... ရှင် မသေပါဘူး။"

"ကိုယ် မသေဘူးလား" လုလီရှင်းသည် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "မင်း ကိုယ့်မျက်နှာအပေါ်ကို စောင်နဲ့အုပ်ထားပေးတယ်လေ။ ကိုယ် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာ အဖြူရောင်အဝတ်စကို မြင်လိုက်ရပြီးတော့ မင်း ကိုယ့်အတွက် နှလုံးသားထဲကလာတဲ့ စကားသံတွေကိုကြားလိုက်ရတယ်။ ကိုယ် တကယ်သေသွားပြီလို့ မင်း ယုံကြည်နေခဲ့တယ်။"

ကျီချင်းချင်း၏နှလုံးခုန်သံ တစ်ချက်ပြင်းသွားပြီး သူမခန္ဓာကိုယ်ဟာ တုန်ခါသွားသည်။ သူမသည် အလှပဆုံးပြုံးနိုင်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ "ရှင်က ငယ်သေးတယ်၊ ပြီးတော့ ကတိလည်းတည်တတ်တယ်။ ရှင် အသက်တစ်ရာအထိနေနိုင်မယ်လို့ ကျွန်မ လုံးဝပြောနိုင်တယ်။"

"တကယ်လား။ မင်း ကိုယ် အသက်တစ်ရာအထိနေနိုင်လိမ့်မယ်လို့ တကယ်မျှော်လင့်တာလား။"

ကျီချင်းချင်းက "ဒါပေါ့" လို့ ရိုးရိုးသားသား အားပါးတရပြောလိုက်သည်။

လုလီရှင်းသည် အသက်တစ်ရာအထိ ရှင်သန်နိုင်မည်ဆိုလျှင် လုလီထင်သည် မိသားစုလုပ်ငန်းကို အမွေဆက်ခံရန် နည်းလမ်းမရှိပေ။ သူမသည် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့၏ အရှိန်အဝါများကို ရှောင်ရှားရန် သူမဦးနှောက် အားကုန်စရာမလိုတော့ပါလေ။

"ရှင် ကျန်းကျန်းမာမာနဲ့ အသက်တစ်ရာအထိ နေနိုင်လိမ့်မယ်လို့ ကျွန်မ တကယ် မျှော်လင့်တယ်။ ဖြစ်နိုင်ရင် ရှင့်ကို ကျွန်မရဲ့သက်တမ်းတစ်ဝက်ကိုတောင် ပေးချင်တယ်။"

တစ်စုံတစ်ယောက်က ကျီချင်းချင်းကို မေးတယ်၊ မင်း အသက်ငါးဆယ်အထိပဲ နေမယ်ဆိုရင် ချမ်းချမ်းသာသာနေရမယ် ဒါမှမဟုတ် မင်း အသက်တစ်ရာအထိနေရမယ် ဒါပေမယ့် ဆင်းဆင်းရဲရဲနေရမယ် မင်း ဘာကိုရွေးမလဲတဲ့။

တကယ့်ကို ရယ်စရာကောင်းတဲ့ မေးခွန်းပဲ။

ဘဝသည် အဖိုးတန်သော်လည်း သူမသည် ပထမတစ်ခုကိုသာ ရွေးချယ်ရလိမ့်မည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Donde viven las historias. Descúbrelo ahora