Chapter-4

3.9K 476 32
                                    

Unicode

အခန်း(၄) - သူမ ဘာလုပ်သင့်လဲ၊ သူမအခြေအနေ အဆင်ပြေ‌သွားအောင် ငွေကြေးကြောင့်လက်ထပ်ခြင်း ပြုလုပ်ရမလား (၄)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

လူအိုကြီးသည် ထိုစာရွက်ကို နောက်တဖန် ပြန်ဖတ်ကြည့်လိုက်ပြီးတော့ မာန်ပါသည့် အသံကျယ်ကျယ်ဖြင့် "သူမကို သွားရှာခဲ့" ဟု ပြောလိုက်သည်။

ထိုလူသည် မသေချာမရေရာသလိုမျိုး ခံစားလိုက်ရသည်။ "အရှင်သခင်ဝမ်ရဲ့စကားတွေက မှန်တယ်လို့ ခင်ဗျား ဘယ်လိုသေချာနေရတာလဲ"

လူအိုကြီးသည် သူ့မျက်လုံးများကို မှိတ်လိုက်သည်။ သူ့လက်မှာ ကိုင်ထားသော စိတ်ပုတီးမှ ပုတီးစေ့များကို တစ်လုံးချင်းစီ စိတ်နေခဲ့လေသည်။ သူက သဘာဝလွန်အကြောင်းအရာများကို ယုံကြည်သူတစ်ဦးမဟုတ်သော်လည်း လူကြီးများအိုမင်းလာသည့်အခါ သုတို့၏စိတ်နှလုံးကို အေးချမ်းတည်ငြိမ်စေသည့် နည်းလမ်းများကို ရှာဖွေ့လေ့ရှိကြသည်။

"အရှင်သခင်ဝမ်ရဲ့အကြံပေးချက်က လုပေချွမ်ကို တစ်နှစ်ကြာ ကိုမာဝင်နေရာကနေ နိုးထလာစေခဲ့တယ်။ သူက လုမိသားစုကို ရီအိမ်တော်ရဲ့သမီးနဲ့ လုပေချွမ်ကို လက်ထပ်ပေးဖို့ အကြံပေးခဲ့တယ်။ သူတို့နှစ်ဦးကို လက်ထပ်ပေးပြီး တစ်လအကြာမှာ လုပေချွမ် ကိုမာဝင်ရာကနေ ပြန်နိုးလာခဲ့တယ်။ ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေ တည်ရှိနေတယ်လို့ ယုံကြည်တာက ကောင်းပါတယ်။"

ထိုလူဟာ ခေါင်းညိမ့်အရိုအသေပေးပြီး ထွက်ခွာသွားခဲ့သည်။

လုခေါင်းဆောင်ဟောင်းသည် ပုတီးကို အကြိမ်ပေါင်းများစွာ စိတ်ပြီးချိန်တွင် စင်္ကြံတွင် စနစ်တကျလျှောက်လာသော ခြေသံများကို ကြားလိုက်ရသည်။ လူအိုကြီးသည် ပုတီးစိတ်နေတာကို ရပ်တန့်လိုက်ပြီးနောက် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။သူ့မျက်စိရှေ့တွင် ရပ်တန့်နေသော မိန်းမငယ်ကို တွေ့လိုက်ရသည်။

"မင်းက ကျီချင်းချင်းလား" လူအိုကြီး၏မျက်လုံးများသည် မီးရှူးတိုင်ကဲ့သို့ စူးရှနေပြီး သူမကို စိုက်ကြည့်နေခဲ့သည်။ သူ့မှာ အတွေ့အကြုံများစွာရှိပြီး အခက်အခဲများအားလုံးကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now