Chapter-37

2.8K 296 3
                                    

Unicode

အခန်း(၃၇) - “တစ်ညလောက်... အတူအိပ်ကြရအောင်။” (၁)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

လုလီထင်သည် နံနက် ၉နာရီတွင် ဆေးရုံသို့ရောက်လာသည်။ မုန့်ရွှင်း၏ဖုန်းခေါ်ဆိုမှုကိုရရှိပြီးနောက် သူက ဒီနေရာသို့ အပြေးအလွှားလာခဲ့သည်။

ဆေးရုံစင်္ကြံတစ်ခုတွင် လုလီထင်သည် မုန့်ရွှင်းနှင့်ဆုံတွေ့ခဲ့ပြီး “ဝေဝေ ဘယ်မှာလဲ” လို့ မေးခဲ့သည်။

မုန့်ရွှင်းသည် ပိတ်ထားသော ဆေးရုံအခန်းတံခါးကို မေးထိုးပြ၍ “သူမ အထဲမှာ” လို့ ပြောလိုက်သည်။

“ဘာဖြစ်သွားတာလဲ။”

မုန့်ရွှင်းက သူမရှေ့မှာရပ်နေတဲ့ ခန့်ညားတဲ့လူကိုကြည့်ပြီး တိုးတိုးလေး ပြောပြလိုက်သည်။ “ထျန်းယွီအင်တာတိန်းမန့်က ဝေ့ပေါ်မှာ ပြီးခဲ့တဲ့တစ်လအကြာကဖြစ်ခဲ့တဲ့ ဝေဝေရဲ့ဒဏ်ရာတွေအကြောင်း ဒီနေ့ရှင်းလင်းချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။ အဲဒီတုန်းက ဝေဝေမှာ ဒဏ်ရာတွေအများကြီးရခဲ့ပြီး သူမမျက်နှာမှာလည်း ဒဏ်ရာရသွားတယ်။ အဲ့တာက ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ သူမရဲ့အနာဂတ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်။ အဲ့တာကြောင့် သူမ အဲဒီအချိန်ကတည်းက စိတ်အခြေအနေမကောင်းခဲ့ဘူး။ ကံကောင်းထောက်မစွာပဲ ကျွန်မက သူမအတွက် ထောက်ခံချက်တွေနဲ့ သရုပ်ဆောင်နေရာအချို့ကို ရထားခဲ့တယ်။ ဝေဝေက မသက်သာသေးပေမယ့် အဲဒီအင်တာဗျူးတွေအတွက် ပြင်ဆင်နေတာကြာပြီ။ ဒါပေမယ့် ကုမ္ပဏီက ရှင်းလင်းချက်ထုတ်ပြန်ပြီးတဲ့အခါမှာ ဝေဝေရဲ့ထောက်ခံချက်တွေနဲ့ သရုပ်‌ဆောင်နေရာအားလုံးကို ကျီချင်းချင်းကို ပေးလိုက်တယ်။ ကျီချင်းချင်းရဲ့ကိုယ်စားလှယ်က ကျွန်မကိုဖုန်းဆက်ပြီးတော့ သူတို့က ဝေဝေကို ဖြစ်ပျက်ခဲ့တာတွေအတွက် တာဝန်ယူဖို့ပြောတယ်။ ဝေဝေကို အဲ့ဒီသတင်းကို မဖုံးထားမိတဲ့ ကျွန်မအပြစ်ပါပဲ။ ဝေဝေက အဲ့သတင်းကိုသိလိုက်ရတော့ သူမအရမ်းစိတ်ထိခိုက်သွားပြီး သူမက...”

လုလီထင်၏မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် မည်းမှောင်သွားကာ “ငါ နားလည်ပြီ”

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now