Unicode
အခန်း (၁၂၄)
သူ ဘာဖြစ်နေတာများပါလိမ့်။
သူမ သူ့ကို မလိမ်ခဲ့ပါ။
"ကျွန်မရှင့်ကို မလိမ်ပါဘူး။ သူက တကယ်ပဲ..."
"မင်းရဲ့ အလိမ်အညာစကားတွေ ထပ်မကြားချင်တော့ဘူး။" လုလီရှင်းသည် ကြားဖြတ်ပြောလိုက်သည်။ "မင်းလိမ်ပြောတဲ့အတွက် ပြန်ပေးဆပ်ရလိမ့်မယ်။"
ကျီချင်းချင်း၏ နှလုံးသည် ခုန်ထွက်လုမတတ်မြန်နေသည်။ လုလီရှင်းကို ကြည့်နေရင်း လန့်နေသည်။ တဖြည်းဖြည်း နောက်သို့လည်း ဆုတ်သွားသည်။
လုလီရှင်းတစ်လှမ်းတိုးလာတိုင်း သူမသည် တစ်လှမ်း နောက်ဆုတ်သွားသည်မှာ သူမနောက်တွင် နံရံသာကျန်ရှိတော့သည်အထိဖြစ်သည်။ လုလီရှင်းသည် သူမဆီသို့ ကြမ်းတမ်းသော အမူအရာဖြင့် ချဉ်းကပ်လာသည်။
"ရှင် ဘာဖြစ်ချင်လို့လဲ"
"မင်းကို ပြောပြီးပြီလေ။ အလိမ်အညာအတွက် ပြန်ပေးဆပ်ရမယ်လို့" လုလီရှင်းသည် သူ၏လက်နှစ်ဖက်ဖြင့် သူမထွက်၍မရအောင် နှစ်ဘက်စလုံးမှ ကာထားလိုက်သည်။
ကျီချင်းချင်းသည် သူ့မျက်နှာအမူအရာမှာ မှုန်မှိုင်းနေသည်ကို သတိပြုမိသည်။ စိတ်အခြေအနေ မတည်မငြိမ်ဖြစ်လာ၍ လွန်ကဲစွာပြုမူလိုက်မည်ကိုလည်း ကြောက်နေသည်။ အကယ်၍ ဒေါသများကိုသာ သူမထံသို့ တိုက်ရိုက်လွှတ်ချလိုက်လျှင်...
သူမသည် မတည်မငြိမ်ဖြစ်ကာ ရုန်းကန်ရင်း ရှင်းပြလေသည်။ "စိတ်လျော့ပါ။ ပြီးတော့ အရမ်းဒေါသ မထွက်ပါနဲ့။ ကျွန်မ ရှင့်ကို လုံးဝ လိမ်ပြောခဲ့တာ မဟုတ်ပါဘူး။ အကုန်လုံးကို ဘယ်လိုရှင်းပြရမယ်မှန်း မသိလို့ပါ..."
"မင်း ကိုယ့်ကို အခုချက်ချင်း 'ခင်ပွန်း'လို့ အကြိမ် ၂၀ ခေါ်"
"..."
"..."
"...ဟင်" ကျီချင်းချင်းသည် ထင်ယောင်ထင်မှားဖြစ်နေသယောင် ခံစားလိုက်ရသည်။ "ဘယ်လို"
"ကိုယ့်ကို 'ခင်ပွန်း'လို့ အကြိမ် ၂၀ ခေါ်"
ကျီချင်းချင်းသည် မျက်မှောင်ကြုံ့လျက် သူ့ကို ထူးဆန်းစွာ ကြည့်မိသည်။