Chapter-145

929 83 1
                                    

အခန်း (၁၄၅)

အန်တီဖေးရဲ့ခွေးလေးတဲ့လား။

ကျီချင်းချင်းသည် ခေါင်းမော့လျက် လုလီရှင်းလက်ထဲရှိ ခွေးလေးကိုကြည့်လိုက်သည်။

သူသည် ဖြူစွတ်နေသည့် အမွှေးရှိသော ဆမ်မူရပ်မျိုးခွေးလေးကို ပွေ့ထားလေသည်။ လုလီရှင်းလက်မောင်း၏ တစ်ဝက်ခန့်သာရှိကာ နူးညံ့သိမ်မွေ့လေသည်။ သူ၏လျှာကိုထုတ်ကာ ပြုံးလိုက်လျှင် အလွန်ချစ်မြတ်နိုးဖွယ်ကောင်းပေသည်။

"ဝိုး သိပ်ချစ်ဖို့ကောင်းတဲ့ ခွေးလေးပါလား" ကျီချင်းချင်းသည် ဇာတ်ညွှန်းကို စားပွဲပေါ်ချလျက် ထာလာကာ ရေရွတ်လိုက်သည်။ သူမသည် ခွေးကလေးကို ကြည့်ကာ စိတ်လှုပ်ရှားနေလေသည်။ ထို့နောက် ဒူးများကိုကွေးလျက် လုလီရှင်းနားတွင် ထိုင်လိုက်ကာ ခွေးလေး၏ခေါင်းကို ပွတ်သပ်ပေးနေလေသည်။

ခွေးကလေးသည် လူယဉ်လှပေသည်။ ကျီချင်းချင်းကို မြင်သည်နှင့် လျှာထုတ်ကာ အမြီးနှံ့ပြလေသည်။ သူမ၏လက်ဖဝါးကိုပင် ပွတ်သပ်နေသေးသည်။

သူမသည် ခွေးလေးနှင့်ကစားလျက် လုလီရှင်းကိုကြည့်ကာ မေးလိုက်သည်။ "အန်တီဖေး ဘယ်တုန်းက ခွေးမွေးခဲ့တာလဲ၊ ကျွန်မလည်း မမြင်ဖူးပါလား။"

လုလီရှင်းသည် "မင်းရောက်တာ သိပ်မကြာသေးလို့ မသိတာဖြစ်မယ်၊ ဘေဘီ... ကို ဟိုးအရင်က အန်တီဖေးက စောင့်ရှောက်ဖူးတာ၊ နောက်ပိုင်းကျတော့ ပျောက်သွားတာပဲ။"

သူသည် ရပ်တန့်ကာ စနစ်ကို မေးခွန်းထုတ်လိုက်သည်။ "ဘယ်လိုဖြစ်ပြီး ကျန်းမာရေးအမှတ်တွေ တိုးမလာရတာလဲ။"

- "သင်ချစ်စနိုးခေါ်လိုက်သောအမည်ကို သင့်ဇနီး ကျီချင်းချင်းမှ ထူးရမည်။ သို့မှသာ တာဝန်ပြီးမြောက်သည်ဟု သတ်မှတ်၍ ကျန်းမာရေးအမှတ်တိုးမည်ဖြစ်သည်။"

ခွေးကလေးသည် ငြိမ်သက်သွားသည်။ သူ့ခေါင်းလေးကို လှည့်လျက် ဘယ်ကြည့်ညာကြည့် လုပ်နေသည်။ အန္တရာယ်ကို အာရုံရသည့်အလား အမွှေးများပါ ထောင်လာလေသည်။

"အန်တီဖေးတော့ စိတ်မကောင်းဖြစ်နေမှာပဲ" ကျီချင်းချင်းသည် တွေးလျက်ပြောလိုက်သည်။ "အပြန်ကျရင် အန်တီဖေးဆီ ဒီခွေးလေးကို ပေးမှပဲ။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now