Chapter-113

1.7K 168 1
                                    

Unicode

အခန်း (၁၁၃)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

အမေကျီရဲ့ အပြုံးတွေက ပိုလို့တောင် နွေးထွေးလာခဲ့ပြီး "ဟုတ်တယ်၊ တစ်လကို ယွမ် သုံးသိန်းက ဘယ်လိုလုပ်ပြီး လောက်မှာလဲ။"

ကျီချင်းချင်းသည် ပုစွန်ကို အခွံခွာပြီး ငံပြာရည်ထဲ နှစ်လိုက်သည်။ အမေကျီကို ချိုသာစွာ ပြုံးပြလိုက်ပြီးတော့ ပြောလိုက်သည်၊ "အိမ်နဲ့ အိမ်အတွင်းပိုင်း အလှဆင်ပြင်ဆင်စရိတ်ကို သမီး ပေးခဲ့တာပါ။ အဖေရဲ့ ဆေးဖိုးဝါးခ ကုန်ကျစရိတ်တွေကိုလည်း သမီး ဆေးရုံလာတိုင်း ရှင်းပေးခဲ့တာပါ။ သမီး အမေ့ကို တပြားတချပ်မှာ မသုံးခိုင်းခဲ့ပါဘူး။"

အမေကျီရဲ့ မျက်နှာအမူအရာဟာ ရုတ်တရတ် ကိုးရိုးကားရား ဖြစ်သွားသည်။

"သာမန်မိသားစုအတွက်၊ ယွမ် သုံးသိန်းနဲ့ဆို နှစ်နဲ့ချီပြီး စားစရာ ဝတ်စရာ လုံလုံလောက်လောက် ရရှိလိမ့်မယ်။ သမီးတို့မိသားစုက သာမန်မိသားစုတစ်ခုပဲလို့ ယူဆထားနိုင်တယ်။ သမီး ပေးလိုက်တဲ့ ငွေအားလုံး အမေ သုံးစွဲလိုက်ဖို့ မဖြစ်နိုင်ဘူးလို့ သမီး ယုံကြည်တယ်။ အမေ့လက်ထဲမှာ ပိုက်ဆံနည်းနည်းတော့ ကျန်ရမယ်။ အမှန်အတိုင်း ပြောရရင် သမီး ဖျော်ဖြေရေးနယ်ပယ်မှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတာပါ။ သမီးရဲ့ လက်ထောက်န့ မန်နေဂျာတွေ အားလုံး သူတို့ကို ထောက်ပံ့ပေးဖို့ သမီးအပေါ် မှီခိုနေရတယ်။ ဒါ့အပြင်၊ အခု ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုက သမီးကို အများကြီး ထိခိုက်စေခဲ့တယ်။ တခြားသူတွေကို ပေးဖို့တောင် အကြွေးတင်နေတယ်။" ကျီချင်းချင်းသည် အမေကျီကို ကြည့်ပြီး စိတ်ခံစားချက် အစစ်အမှန်ဖြင့် ပြောလိုက်သည်၊ "ဒါကြောင့် သမီး အမေတို့ကို ထောက်ပံ့ပေးနေတဲ့ လစဥ်ကြေးကို လအနည်းငယ်လောက် ဖြတ်တောက်ရလိမ့်မယ်။ အရင်က အမေ့ကို လစဥ် ယွမ် သုံးသိန်း အများကြီး ပို့ပေးခဲ့တယ်။ အမေနဲ့ အဖေတို့ အရင်က လက်ကျန်ပိုက်ဆံကို သုံးရလိမ့်မယ်။ လျှော့သုံးဖို့ ကြိုးစားပါ။"

"လျှော့သုံးစွဲရမှာလား။" အမေကျီသည် ကျယ်လောင်သောအသံဖြင့် ပြောလိုက်ကာ "ငါက ဘယ်လိုလုပ်ပြီး ပိုက်ဆံကို လျှော့သုံးရမှာလဲ။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now