Chapter-172

693 54 0
                                    

အခန်း (၁၇၂)

ဝမ်ရို့၏ စကားအဓိပ္ပါယ်ကို သေချာနားမလည်သော ကျီချင်းချင်းကတော့ ပုံမှန်လေးသာ ကျေးဇူးတင်လိုက်သည်။

တွဲဖက်သရုပ်ဆောင်များဖြစ်သည့်အလျောက် ချီကျင်းယွမ်သည် သူမနားတွင် လာထိုင်ကာ စကားပြောလာသည်။ "မနေ့က ဒါရိုက်တာကျိုးဆီကနေ နင်ဖျားနေတယ်လို့ ကြားတယ်။ ဘာဖြစ်လို့ ဟိုတယ်မှာ နားမနေတာလဲ။ ရုပ်ရှင်ရိုက်ဖို့တောင် လာလိုက်သေးတယ်။"

"ငါအဆင်ပြေပါတယ်။" ဟု ကျီချင်းချင်း ပြုံးလိုက်သည်။ "ပုံမှန်အဖျားလေးပါပဲ၊ မနေ့ကပဲ ပြန်သက်သာသွားတယ်။ ဒီအဖျားလေးကြောင့်နဲ့ မနှောင့်နှေးချင်ဘူး။ ငါတစ်ယောက်တည်းကြောင့်နဲ့ ရုပ်ရှင်ရိုက်ကွင်းတစ်ခုလုံးက စောင့်နေရတာမျိုးတော့ မဖြစ်သင့်ဘူးမလား။"

"နင့်အသံက ..."

မနေ့ညကအကြောင်း ပြန်တွေးမိတာနဲ့ ဒေါသနဲ့ ရှက်ရွံ့မှုတို့ကြောင့် ကျီချင်းချင်း၏ နားရွက်ဖျားလေးမှာ ချက်ချင်းဆိုသလို နီရဲလာရသည်။ "ဒါက အဖျားကြောင့်ပါ။" ဘာမှမဖြစ်ခဲ့သလိုပင် ကျီချင်းချင်းက ရှင်းပြလိုက်သည်။

သူမ၏မျက်နှာမှာ တည်ငြိမ်မှုတို့ပျောက်ဆုံးနေကာ နားရွက်ကလည်းနီနေသောကြောင့် ချီကျင်းယွမ်မှာ သူမအား နှစ်သိမ့်ပေးတော့မလို့ပင်။ သို့သော် သူမမျက်လုံးကို အထက်အောက် သေချာကြည့်လိုက်ချိန်မှာပဲ လည်ပင်းနဲ့ညှပ်ရိုးက အနီမှတ်လေးများကို တွေ့မိသွားသည်။

မိတ်ကပ်နှင့် သေချာဖုံးပြီးဖြစ်သော်လည်း ကျီချင်းယွမ်မှာ တစ်ချက်ကြည့်ရုံနှင့်ပင် သေချာပြောနိုင်သေးသည်။

လုလီရှင်းတစ်ယောက် ဒါရိုက်တာကျိုးကို ဒီမနက် ကျီချင်းချင်းအတွက် နားခွင့်ပြောပေးရတာလဲဆိုတာ မထူးဆန်းတော့ပါဘူး။ ဒါကြောင့်ကိုး။

အမှန်အတိုင်းပြောရရင် သူမ တကယ်ပဲ စပ်စုချင်မိသည်။ ကျီချင်းချင်းနဲ့ လုလီရှင်းတို့နှစ်ယောက် အချိန်တိုလေးအတွင်းမှာ ဘယ်လိုများ ငြိသွားကြတာလဲ ဆိုတာကို သူမ တကယ်သိချင်မိပါသည်။ သူတို့ဆက်ဆံရေးက အရမ်းကောင်းတယ်ဆိုတာ ပြောနေစရာတောင်မလိုဘူး။ လုလီရှင်းတစ်ယောက် သူ့အလုပ်တွေကိုပစ်ပြီး ဒီရိုက်ကွင်းနားမှာ ကျီချင်းချင်းကို အဖော်လုပ်ပေးနေကတည်းက သိသာနေပြီ။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)حيث تعيش القصص. اكتشف الآن