Chapter-187

487 53 0
                                    

အခန်း (၁၈၇)

ရှန်းဝေဝေ၏ ပါးစပ်မှာ နားရွက်တက်ချိတ်မတက်ပင်။ ပင်ပန်းလာသောကြောင့် သူမသည် လှဲလိုက်တာ ပြတင်းပေါက် အပြင်ဘက်မှ လယ်ကွင်းများကို ကြည့်နေလိုက်သည်။ သူမပါးစပ်မှ အပြုံးမှာလည်း ဖြေးဖြေးချင်း ပျောက်ကွယ်သွား၏။

‌လုလီရှင်း လေဆိပ်မှ ဆင်းလာသောအခါ ငါးနာရီထိုးပြီဖြစ်သည်။ လုလီရှင်းသည် ကုမ္ပဏီသို့ တန်းသွားလိုက်ကာ အစည်းအဝေးခန်းမထဲ ဝင်လိုက်သည်။ အစည်းအဝေးမှာ သုံးနာရီတိတိကြာပြီးမှ ပြီးဆုံးသွားသည်။

ဒီတစ်ခေါက်အမှားသည် သူနှင့်ကုမ္ပဏီအတွက် အရေးပါပြီး တန်ဖိုးအရှိဆုံးဖြစ်သည့် အဓိကပရောဂျက် ဖြစ်သည်။ ပြီးတော့ ဒါက အနာဂတ်မှာ ကုမ္ပဏီချဲ့ထွင်ဖို့ လမ်းစ ဖြစ်သည်။ သို့သော် လတ်တလောတွင် အရေးကြီးသော သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးနည်းပညာထဲက တစ်ခုသည် မူပိုင်ခွင့် အငြင်းပွားမှုတွင် ပါဝင်နေကာ ကုမ္ပဏီ၏ အကြီးဆုံး ရှယ်ယာရှင်များအား ကုမ္ပဏီသည် ဤရင်းနှီးမြုပ်နှံမှုလမ်းကြောင်းကို ဆုံးရှုံးနိုင်သည်ဟု ထင်မြင်လာစေပြီး ဖိအားများလာခဲ့ကြသည်။ ဤအရာသည် နောက်ထပ် ပြုလုပ်မည့် ပရောဂျက်၏ တိုးတက်မှုအား ပိတ်ပင်ထားသလို ဖြစ်နေခဲ့သည်။ ထို့ကြောင့်ပင် သူတို့သည် လုလီရှင်းအား ဒီအခြေအနေများကို တာဝန်ယူဖြေရှင်းပေးရန် ရုပ်ရှင်ရိုက်ကွင်းမှ ပြန်ခေါ်ရခြင်းဖြစ်သည်။

လုလီရှင်းသည် ကုမ္ပဏီမှ ထွက်လာသောအခါ ကိုးနာရီထိုးပြီဖြစ်သည်။ သူ လုအိမ်တော်သို့ ပြန်ရောက်သောအခါ အလွန်ပင်ပန်းနေခဲ့သည်။ တံခါးကို ဝင်ဝင်ချင်းမှာပင် သူသည် ခွေးတစ်ကောင် ဟောင်နေသံကို ကြားလိုက်ရသည်။

အန်တီဖေးသည် ဧည့်ခန်းတွင် စီစီနှင့် ကစားနေသည်။ လုလီရှင်း အိမ်ထဲဝင်လာတာ မြင်သောအခါ သူမသည် ထရပ်လိုက်၏။ "သခင်လေး ပြန်လာပြီပဲ။ ကျွန်မ ဟင်းတွေ ပြန်နွှေးလိုက်ဦးမယ်။"

လုလီးရှင်းသည် သူမအား တားလိုက်သည်။ "အန်တီဖေး အပင်ပန်းမခံပါနဲ့။ ကျွန်တော် ဗိုက်မဆာဘူး။ ကျွန်တော် ပင်ပန်းနေလို့ စောစောအနားယူချင်တယ်။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Nơi câu chuyện tồn tại. Hãy khám phá bây giờ