Unicode
အခန်း(၁၆) - သေဆုံးခါနီးသတိပေးချက်: နောက်နာရီဝက်အတွင်း သင့်ဇနီးရဲ့ အတိတ်တုန်းက စိတ်ခံစားချက်များကို နားလည်ပေးပြီး သင့်တော်သော နှစ်သိမ့်မှုကိုပေးပါ။ မဟုတ်လျှင် ကျေးဇူးပြုပြီး အခုချက်ချင်း သေလိုက်ပါတော့ (၂)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)ညရဲ့ကန့်လန့်ကာက တဖြည်းဖြည်း ကျဆင်းလာသည်နှင့်အမျှ လုမိသားစုဗီလာ၌ မီးများထွန်းဖွင့်လာကြပြီး အိမ်အစေခံများသည် သူတို့ရဲ့အလုပ်များကို ဆက်လက်လုပ်ကိုင်နေကြသည်။ ကျီချင်းချင်းသည် လုလီရှင်း၏စျာပနအတွက် ပြင်ဆင်မှုများနှင့် အလုပ်များနေသည်ကို သိသည်။ ရက်အနည်းငယ်အတွင်း လုလီရှင်းသည် သေဆုံးသွားခဲ့ပြီးတော့ သူမဟာ မုဆိုးမဖြစ်ပေမည်။ ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ပြီး လုလီရှင်း၏အဖြူအမည်းဓာတ်ပုံရှေ့မှာ အဖြူရောင်ပန်းပွင့်လေးချ၍ သူမသည် ဝမ်းနည်းပူဆွေးနေသော မုဆိုးမတစ်ယောက်အဖြစ် အခန်းကဏ္ဍကနေ ဆောင်ရွက်ရပေလိမ့်မည်။
ကျီချင်းချင်းသည် လုအိမ်တော်ရှိ အိမ်သူအိမ်သားများကို အဆင်မပြေစေမယ့်အရာတစ်ခုခုလုပ်ဖို့ မစီစဥ်ထားခဲ့ဘူး။ အန်တီဖေး သူမအတွက် စီစဥ်ပေးထားသော ဧည့်သည်ခန်းတွင် အနည်းငယ် အနားယူပြီးနောက် သူမသည် အကြီးအကဲလုကိုသွားရှာရန် ဆုံးဖြတ်လိုက်သည်။
အကြီးအကဲလုသည် သူ့သားအား အသက်လတ်ပိုင်းအရွယ်၌ ဆုံးရှုံးခဲ့ရပြီး ယခုအခါ သူ့မြေးဖြစ်သူကို ဆုံးရှုံးရတော့မည်။ အနာဂတ်မှာ ဒီလူအိုကြီးက တစ်ယောက်တည်းပဲ ကျန်နေရလိမ့်မယ်။ ဒါက ဘယ်လောက်အထီးကျန်ဆန်မလဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။ ကျီချင်းချင်းသည် အကြီးအကဲလုကို မြင်လိုက်ရသောအခါ သူမရဲ့အဖိုးနှင့် ကောင်းမွန်သောဆက်ဆံရေး ဘယ်လောက်တောင်လိုချင်ခဲ့ပုံကို စဥ်းစားမိလိုက်သည်။ ဒီလိုကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ အဖိုးအိုတစ်ယောက် စိတ်ဓာတ်ကျနေတာကို သူမ မမြင်ချင်ဘူး။
“သခင်မလေး အကြီးအကဲလုက ရှင့်ကို ညစာစားဖို့ ခေါ်ခိုင်းလိုက်ပါတယ်”