Chapter-177

637 59 0
                                    

အခန်း (၁၇၇)

ရိုက်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားရသည်။

ရှန်းဝေဝေမှ ကျီချင်းချင်းအား ဆန်ပြုတ်အတင်းတိုက်သော အခန်းသည် ပုံကြီးချဲ့ကာ ရိုက်ကူးထားခြင်း ဖြစ်သည်။ ထိုကင်မရာမှာ သူတို့နှစ်ယောက်နှင့် နှစ်မီတာသာ ကွာဝေးပြီး သူမတို့လုပ်သမျှကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားသည်။

ရိုက်ကူးရေးသမားနှစ်ယောက်မှာ ကျွမ်းကျင်အဆင့်များ ဖြစ်ကြ၏။ နှစ်ပေါင်းများစွာ ရိုက်ကူးရေးလုပ်လာတာဖြစ်သည့်အတွက် နာမည်ကြီးဆယ်လီအများကြီးနှင့် ရိုက်ကူးဖူးသည့်အပြင် လှည့်ကွက်မျိုးစုံအား ကြုံတွေ့ဖူးသူများ ဖြစ်ကြသည်။ သူတို့မှာ အတွေ့အကြုံရှိသည့်အပြင် ဗဟုသုတလည်း ကြွယ်ဝသည်ဟု ဆို၍ရသည်။

ရှန်းဝေဝေမှ ခွက်အား ခွဲလိုက်သောအခန်းသည် သူတို့ကင်မရာထဲတွင် အလုံးစုံ ရိုက်ကူးပြီးဖြစ်၏။ ကျီချင်းချင်း၏ရုန်းကန်ခြင်းနှင့် သူမ၏လက်တို့မှာ ရှန်းဝေဝေလက်ထဲမှ ခွက်ကို ထိပင်မထိရသေးပေ။ ထင်ထင်ရှားရှားပင် ရှန်းဝေဝေမှာ သူမဘာသာ ခွက်အား ခွဲပစ်လိုက်ခြင်း ဖြစ်သည်။

တစ်ဖက်တွင် အားလပ်ချိန်၌ ဇာတ်ညွှန်းပြန်ဖတ်နေသော ကျီချင်းယွမ်နှင့် ကျန်းစုတို့မှာ ထိုမငြိမ်မသက်မှုအား သတိထားမိသွားကြသည်။ သို့သော် သူတို့နှစ်ဦးမှာ အနုပညာလောကထဲတွင် ရှိနေတာ ကြာပြီဖြစ်ပြီး ဒီနယ်ပယ်နှင့် သက်ဆိုင်သော အရာအားလုံးကို သိကြသည်။ ဤကဲ့သို့သော လှည့်ကွက်သေးသေးလေးများမှာ သူတို့အတွက် ကစားပွဲ အသေးစားလေး ကြည့်နေရသလိုပင်။

"နင် ဘယ်လိုထင်လဲ။"

ကျန်းစု ပြုံးလိုက်သည်။ "မိန်းကလေးနှစ်ယောက်ကြား ဝင်မပါနဲ့။ ငါတို့အလှည့်ကျ ဒါရိုက်တာကျိုး ဆူတာမခံရအောင် ဇာတ်ညွှန်းပဲ ကျက်ကြစို့။"

ကျီချင်းယွမ်မှာ မျက်လုံးများကို လှိမ့်လိုက်သည်။ "ငါလည်း အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ဆန်ကာတင်တစ်ခါဝင်ဖူးတဲ့သူပါနော် ဟုတ်ပြီလား။" သူမသည် ထိုသို့ပြောပြီးနောက် လိမ်လိမ်မာမာပင် ဇာတ်ညွှန်းကိုသာ ပြန်နွှေးနေလိုက်သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now