Chapter-26

3.4K 385 7
                                    

Unicode

အခန်း(၂၆) - ဒီလိုပြောပြီးတဲ့နောက်မှာ ကျီချင်းချင်းက လုလီရှင်းရဲ့ ခန္ဓာကိုယ်ကို ဖုံးထားတဲ့စောင်ကို အပေါ်သို့ ဖြည်းဖြည်းချင်းဆွဲတင်ရင်း သူ့မျက်နှာကို ဖုံးအုပ်ပေးလိုက်သည် (၄)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

သံသယဝင်နေသဖြင့်  ကျီချင်းချင်းသည် ရေခွက်နှင့် ဆေးတွေကို ဘေးမှာတင်လိုက်ပြီး သူ့ကို ညင်သာစွာ လှုပ်နိုးလိုက်သည်။

“မစ်စတာလု”

“လုလီရှင်း”

“.... ဟေး အိပ်ရာထတော့လေ”

မည်သည့်တုံ့ပြန်မှုမှ ပြန်မရသေးပါဘူး။

ကျီချင်းချင်းသည် အထိတ်တလန့်ဖြစ်သွားသည်။ လုလီရှင်း၏ ငြိမ်းချမ်းစွာ အိပ်ပျော်နေသည့် မျက်နှာလေးကိုကြည့်ပြီးတော့ သူမနှလုံးသားဟာ မောပန်းနွမ်းနယ်လာသည်။ သူမစိတ်ထဲမှာ ကြောက်မက်ဖွယ်ရာအတွေးတစ်ခု ဝင်လာခဲ့သည်။ သူမသည် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီးတော့ လုလီရှင်း အသက်ရှုမရှု စမ်းသပ်ကြည့်လိုက်သည်။

အရေးကြီးတဲ့ အခြေအနေပဲ....

သူ့အတွက် သတ်မှတ်ထားတဲ့ ဘဝသက်တမ်း ကုန်ဆုံးဖို့နီးကပ်လာပြီပဲ....

နောက်ထပ်ရက်အနည်းငယ်လောက်ပါပဲ…

ကျီချင်းချင်း၏လက်တွေဟာ တဆတ်ဆတ်တုန်လာခဲ့သည်။

“သခင်မလေး ရှင်… “ အန်တီဖေးသည် အခန်းတံခါးဝမှာ ပေါ်လာခဲ့သည်။ သူမအသံကိုကြားလိုက်ရသော ကျီချင်းချင်းသည် တံခါးဝဆီသို့ သူ့အလိုလို မျှော်ကြည့်လိုက်သည်။ သူမနှလုံးသားဟာ ပြင်းထန်စွာ ခုန်နေခဲ့သည်။

အန်တီဖေးသည် ကျီချင်းချင်း၏ ပျာယာခတ်နေသော အသွင်အပြင်ကိုမြင်ပြီး သူမ၏လက်သည် လုလီရှင်း၏မျက်နှာဆီသို့ ညွှန်ပြလိုက်သည်။ သူမ၏ခြေထောက်များဟာ ပျော့ခွေသွားခဲ့သည်။ သူမက မကြာခင်မှာပဲ ငို‌ချတော့မည့် တုန်ယင်နေသောအသံဖြင့် “သခင်လေး… သူ အဆင်ပြေရဲ့လား” လို့ မေးလိုက်သည်။

သူမ လုလီရှင်း၏အခြေအနေကို စစ်ဆေးကြည့်နေစဥ် ကြားဖြတ်နှောင့်ယှက်ခြင်း ခံလိုက်ရခြင်းကြောင့် ကျီချင်းချင်းသည် အလျင်အမြန်ပဲ ဘေးသို့ ထရပ်လိုက်သည်။ သူမသည် ဘာလုပ်ရမှန်း မသိတော့ပါဘူး။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Onde histórias criam vida. Descubra agora