Chapter-89

1.7K 196 1
                                    

Unicode

အခန်း (၈၉)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

"ဘာ-ဘာလဲ။ မင်းဇနီးလား။ ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ။ ငါ ဘာဖြစ်လို့ ဒါကို မသိခဲ့ရတာလဲ။"

"ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပျက်သွားခဲ့တာ။"

"မင်းတို့နှစ်ယောက် လက်ထပ်ပြီးပြီလား။"

"အင်း၊ ငါတို့ လက်ထပ်ပြီးပြီ။"

"မင်း..." ချိန်ရှုယီ ပြောစရာစကား ပျောက်ရှသွားသည်။

သူတို့နှစ်ယောက်က အတူတူ ကြီးပြင်းလာကြသည့် အတန်းဖော်တွေ ဖြစ်တာကြောင့် လုလီရှင်းက ဘယ်လိုလူမျိုးလဲ ဆိုတာ သူ ကောင်းကောင်း သိသည်။ သူ့ကို ဘယ်အမျိုးသမီးနဲ့မှ ရင်းရင်းနှီးနှီး ရှိတာမျိုး မမြင်ဖူးခဲ့ဘူး။ သူ သူမနဲ့ လက်မထပ်ခင် သူမအကြောင်းကို သူ ဘယ်လောက် သိထားခဲ့လဲ။

"မင်း သူမအကြောင်းကို သိလို့လား။"

လုလီရှင်းက သူ့အမေးကို ပြန်မဖြေပေ။ "ငါ ဒီကို သူမကို လာကြိုဖို့ လာခဲ့တာ၊ သူမ ဘယ်မှာလဲ။"

"မင်း သူမကို ဖုန်းခေါ်ကြည့်ပါလား၊ ဘာဖြစ်လို့ မင်းက ငါ့ကို လာမေးနေရတာလဲ။'

"ငါ သူမကို ဖုန်းခေါ်ပြီးပြီ၊ ဒါပေမယ့် သူမ ဖုန်းမကိုင်လို့။ သူမ ဘယ်မှာ ရှိလဲ ဆိုတာကို မင်းဝန်ထမ်းတွေကို မေးပေးပါလား။"

ချန်ရှုယီသည် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ ကျီချင်းချင်းသည် ၁၈ထပ်ရှိ အစည်းအဝေးခန်းတွင် ရှိနေကြောင်းကို သတင်း မရရှိမီ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့ရသည်။

"အစည်းအဝေးက ဘာကိစ္စလဲ။"

"ငါလည်း သိပ်မသိဘူး။"

လုလီရှင်း မတ်တပ်ရပ်ပြီး ထွက်သွားသည်။

ချန်ရှုယီသည် လုလီရှင်းရဲ့ နောက်ကျောကို ကြည့်ကာ ခဏလောက် အတွေးများနေခဲ့သည်။ ထို့နောက်၊ သူ့လက်ထဲမှ အလုပ်ကို ချထားကာ လုလီရှင်းနှင့်အတူ ၁၈ထပ်သို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

"ကျွန်မ တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်မ ရှင်နဲ့ ချိန်းတွေ့ခဲ့တာ ရှင့်ပိုက်ဆံကြောင့် မဟုတ်ဘူး။ ကျွန်မတို့ ချိန်းတွေ့ချိန်မှာ သုံးတဲ့ ပိုက်ဆံကလွဲရင်၊ ကျွန်မ ရှင့်ဆီက ဘာလက်ဆောင်မှ မရခဲ့ဖူးဘူး။ ဒါပေမယ့် အခု ရှင် ဝတ်ထားတဲ့ ခါးပတ်ကတော့ ကျွန်မ ရှင့်ကို လက်ဆောင်ပေးထားတဲ့ဟာပဲ..."

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now