Chapter-50

2.4K 283 4
                                    

Unicode

အခန်း(၅၀) – “သင့်ချစ်ဇနီးအပေါ် ချစ်မြတ်နိုးသည့် အပြုအမူများ ပြုလုပ်ရန် ကျွန်ုပ်နှင့် အတူပူးပေါင်းပါဝင်ပေးပါ။ သင့်ကို ခင်ပွန်းလို့ခေါ်ဆိုစေဖို့ အစပြုလုပ်ဆောင်ရန် အမှတ်ရပါ။” (၂)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

သူမ ထိုအကြောင်းကို စဉ်းစားလေလေ လုလီရှင်း၏ ကျန်းမာရေးအခြေအနေဟာ တဖြေးဖြေး ကောင်းမွန်လာလေလေဟု သူမ ခံစားနေမိသည်။

လွန်ခဲ့‌သောလက အကြီးအကဲလုအပေါ်တွင် အုပ်ဆိုင်းနေသော အမှောင်ထုများ ဖယ်ရှားသွားခဲ့ပြီဖြစ်သည်။ သူက အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ “ဆရာဝန်ကတော့ လီရှင်းက ပြန်သက်သာကောင်းမွန်လာပြီလို့ ပြောလိုက်တယ်။ သေရေးရှင်ရေးအခြေအနေကို ကျော်လွန်ပြီး အခုအဆင်ပြေသွားပြီ။”

အန်တီဖေးသည် ထိုစကားများကို ကြားလိုက်ရသောအခါတွင် အံ့ဩလွန်းလို့ အလွန်အေးခဲသွားပြီး ထိုစကားများကို သူမ အထပ်ထပ် အခါခါ ထပ်ကြားချင်နေခဲ့သည်။ သူမ ထိုအကြောင်းအား ယုံကြည်ရန်ခက်ခဲနေခဲ့သည်။

“အဲ့ဒါအမှန်ပဲလား သခင်လေး တကယ်အမှန်ပဲလား။”

လုလီရှင်းသည် ခေါင်းညိတ်ပြလိုက်ပြီး ”အန်တီဖေးကို ကျွန်တော်စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်” ဟု ပြောလိုက်သည်။

အန်တီဖေးသည် ဆုတောင်းသည့်လက်ဟန် အနေအထားဖြင့် ရင်ဘတ်ကိုဖိလိုက်ပြီး သက်ပြင်းအရှည်ကြီးချလိုက်သည်။ “ကျွန်မ သိတယ်။ ကျွန်မ သိနေတယ်။ သခင်လေး ပြန်လည်ကျန်းမာလာမယ်ဆိုတာ ကျွန်မ သိတယ်။ ကောင်းကင်ဘုံက လူကောင်းသူကောင်းတွေကို ကြည့်ရှုစောင့်ရှောက်လိုက်တာပဲ။ မိုးနတ်မင်းများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။” ဟု ပြောလိုက်သည်။

ထိုစကားများပြောပြီးနောက် အန်တီဖေးသည် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ “အော် ဟုတ်သားပဲ။ ကျွန်မ ကျွဲကော်ရွက်တွေကို သွားပြင်ဆင်ရဦးမယ်။ ဒါမှ သခင်လေးရဲ့ ကံဆိုးမှုတွေကို ဆေးကြောပေးနိုင်မှာ” လို့ပြောလိုက်သည်။

(T/N: တရုတ်လူမျိုးတွေဟာ ကျွဲကောရွက်နှင့် ရေချိုးလျှင် ကံဆိုးခြင်းတွေကို ဆေးကြောပေးတယ်ဆိုသည့် အယူသီးမှုတစ်ခုရှိသည်။)

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now