Chapter-82

1.5K 177 1
                                    

Unicode

အခန်း (၈၂) - သေဆုံးခါနီး သတိပေးချက်: နောက်နှစ်နာရီအတွင်း သင့်ဇနီးသည် ကျီချင်းချင်းကို အလုပ်မှသွားကြိုပြီး နှင်းဆီပန်း ၉၉ပွင့် လက်ဆောင်ပေးပါ (၃)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

လုလီရှင်း ထျန်းယွီအင်တာတိန်းမန့်သို့ လာနေစဥ်အတွင်း ကျီချင်းချင်းသည် ထျန်းယွီအင်တာတိန်းမန့်ရဲ့ ရုံးခန်းထဲမှာ တိုက်ပွဲစလုနီပါး ဖြစ်နေခဲ့သည်။

နေ့ခင်းဖက်တွင် သူမရဲ့ အေးဂျင့် ချင်ယွဲ့ထံမှ ဖုန်းဝင်လာခဲ့သည်။ သူမကို ရုံးသို့ လာခိုင်းခဲ့သည်။ ကုမ္ပဏီက သူမနှင့် ရှန်းဝေဝေတို့ကို တွေ့ဆုံဆွေးနွေးခွင့်ပေးထားကြောင်း သူက ပြောခဲ့သည်။

ဆွေးနွေးပွဲခေါင်းစဥ်က ဘာလဲ။ သေချာပေါက် အကြောင်းအရာ တစ်ခုပဲ ရှိနိုင်တာပေါ့။

ကျီချင်းချင်းက ဒါကို ပေါ့ပေါ့တန်တန်တွေးခဲ့မိသည်။ ကုမ္ပဏီက ဒီကိစ္စကို အကျယ်မချဲ့ချင်ပဲ အထက်လူကြီးပိုင်းကို ဖုံးကွယ်ထားချင်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့က သူမနှင့် ရှန်းဝေဝေတို့ကို တွေ့ဆုံဆွေးနွေးစေချင်ကြသည်။ သူတို့ တွေ့ဆုံပြီးနောက်မှာ အရာအားလုံးကို လွယ်လွယ်ကူကူနဲ့ စကားပြောလို့ ရမယ်လို့ ထင်နေပုံပါပဲ။

သူမ ထျန်းယွီအင်တာတိန်းမန့်ကို ရောက်ရောက်ချင်းမှာပဲ ချင်ယဲ့က သူမကို အစည်းအဝေးခန်းထဲသို့ ဆွဲသွင်းခဲ့သည်။

အစည်းအဝေးခန်းထဲမှာ လူသိပ်မရှိဘူး။ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သာ ရှိသည်။ ချင်ယွဲ့နှင့် သူမကိုပါ ပေါင်းထည့်လိုက်လျှင် အခ အခန်းထဲမှာ စုစုပေါင်း လူငါးယောက်သာ ရှိသည်။ ဒီနေ့အစည်းအဝေးသည် သီးသန့်အစည်းအဝေးတစ်ခုလို့ ဆိုနိုင်ပေသည်။

ပြောစရာ မလိုလောက်အောင်ပင် မျက်လုံးတွေ နီရဲနေသည့် အမျိုးသမီးကတော့ ရှန်းဝေဝေဖြစ်ပြီး ကျန်အမျိုးသားနှစ်ယောက်ကတော့...

ကျီချင်းချင်းသည် ရှန်းဝေဝေရဲ့ မျက်စောင်းထိုးနေရာလောက်မှာ ဝင်ထိုင်လိုက်ပြီး သူမရဲ့ အေးဂျင့် ချင်ယွဲ့သည် သူမဘေးတွင် ဝင်ထိုင်ခဲ့သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now