အခန်း (၁၄၄)
ကျီချင်းချင်းသည် ရှက်ရွံ့စွာဖြင့် "ကျွန်မ အလုပ်ပြန်လုပ်လိုက်ဦးမယ်၊ ပြောစရာရှိတယ်ဆိုရင် ညကျမှ ပြောကျတာပေါ့။"
"နေပါဦး" လုလီရှင်းသည် သူမ၏လက်ကောက်ဝတ်ကို လှမ်းဆွဲလျက်ပြောလိုက်သည်။ "ဒါ..."
ကျီချင်းချင်း၏ ပါးနှစ်ဖက်စလုံး ရဲတက်လာသည်။
သူမအား ရှက်စရာကောင်းသောလုပ်ရပ်ကို လုပ်ခိုင်းပြီး လုလီရှင်းသည် မည်ကဲ့သို့ တည်ငြိမ်နေနိုင်သနည်း။ သူမအား နမ်းစေချင်နေခြင်း ဖြစ်သည်။
ဘာသာပြန်သူ၏အမှာ : လုလီရှင်းသည် 'ဒါလင်'ဟု ပြောရန် ကြိုးစားခဲ့သော်လည်း စကားမဆုံးခင် အသံတိုးသွားသောကြောင့် 'အနမ်း'ဟူသော အသံထွက်နှင့် ဆင်တူသွားခြင်းဖြစ်သည်။
"ပြောပါ၊ ဘာအကြောင်း ပြောချင်လို့လဲ။ ဒီညနေ ကျွန်မ သရုပ်ဆောင်ရမယ့် အခန်းက သိပ်အရေးကြီးတာ၊ အခုထိသိပ်နားမလည်တဲ့ အပိုင်းတွေရှိနေသေးလို့ ဒါရိုက်တာနဲ့ဆွေးနွေးရဦးမှာ။"
လုလီရှင်းသည် သက်ပြင်းချလျက် သူမထံသို့ ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသာ ကြားနိုင်သော လေသံဖြင့် "ကိုယ် မင်းကို နေ့လည်စာပို့ပေးဖို့အတွက် ဒီကိုလာခဲ့တာ၊ ကိုယ့်ကို 'ခင်ပွန်း'လို့ နောက်တစ်ကြိမ်လောက် ထပ်ခေါ်ပေးရင် ရပါပြီ။"
ကျီချင်းချင်းသည် သူ့ကိုကြည့်ရင်း နားမလည်နိုင်ဖြစ်လာသည်။ မနက်ဖြန် ဆရာဝန်နှင့် တိုင်ပင်၍ လုလီရှင်းအား ကုသ၍ ရနိုင်၊ မရနိုင် မေးမြန်းကြည့်လျှင် ကောင်းမည်လားဟုပင် စဉ်းစားနေမိသည်။ လုလီရှင်းသည် တစ်ချိန်လုံး ခင်ပွန်းဟု အခေါ်ခံချင်နေသည်။
"ခင်ပွန်း"
- "ကျန်းမာရေးအမှတ် + ၁ မှတ်၊ ၂ နာရီကြာ အချိန်ကျန်ရှိသေးသည်။"
လုလီရှင်းသည် စိတ်ရောကိုယ်ပါ ပျော်ရွှင်သွားသည်။
စနစ်မှ သူ့ကျန်းမာရေးအမှတ်များကို နှုတ်နေသော်လည်း ကျီချင်းချင်းက 'ခင်ပွန်း'ဟု ခေါ်နေသမျှ ကာလပတ်လုံး သူ့အတွက် စိုးရိမ်စရာမလိုပေ။
![](https://img.wattpad.com/cover/279714628-288-k885403.jpg)