Unicode
အခန်း (၇၃) - မင်း ကြိုက်တာ မှန်သမျှကို ဝယ်ပစ်လိုက် (၂)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)လုလီရှင်းသည် စာရွက်စာတမ်းအစုံအလင်ထဲတွင် သူ့ကိုယ်သူ နှစ်မြှုပ်ကာ စုဆောင်းထားသော အလုပ်များကို စတင်ကိုင်တွယ်ခဲ့သည်။
လူလီရှင်းသည် စာရွက်စာတမ်းများကို သူ့လက်ထောက်က တံခါးလာခေါက်ပြီး ဌာနဆိုင်ရာ အကြီးအကဲတွေက အစည်းအဝေးခန်းထဲမှာ စောင့်နေကြတယ်လို့ လာပြောတဲ့ ၉နာရီ မိနစ် ၅၀အထိ စစ်ဆေးခဲ့သည်။ လုလီရှင်းသည် ၉နာရီ ၅၅မိနစ်အထိ နောက်ဆုံးစာရွက်စာတမ်းကို ဖတ်ရှုနေခဲ့သည်။ ထို့နောက် ရုံးခန်းမှထွက်ခွာကာ အစည်းအဝေးခန်းသို့ သွားခဲ့သည်။ ဆယ်နာရီထိုးချိန်တွင် အစည်းအဝေး အခန်းတံခါးကို အချိန်မှန် တွန်းဖွင့်လိုက်သည်။
လက်ထောက်က တံခါးလာခေါက်တဲ့ မွန်းတည့်ချိန်အထိ အစည်းအဝေးကို အနှောင့်အယှက်မရှိ ကျင်းပခဲ့ပြီး နေ့လည်အနားယူချိန် နာရီဝက် အားလပ်ချိန်ပေးပြီးနောက် နာရီဝက်အကြာတွင် ဌာနဆိုင်ရာ အသီးသီးမှ အကြီးအကဲများ အစည်းအဝေးခန်းထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြသည်။ သူ အိပ်ရာထဲလဲနေတဲ့အချိန်ကာလအတွင်း စုစည်းထားသည့် လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို တင်ပြခဲ့ကြသည်။ အစည်းအဝေးက ညနေ ၅ နာရီတွင် ချောချောမောမော ပြီးဆုံးသွားခဲ့သည်။
တစ်နေ့တာလုံး အစည်းအဝေးပြီးသောအခါ လုလီရှင်းသည် အနည်းငယ်ပင်ပန်းနေပုံရပြီး ရုံးသို့ပြန်လာခဲ့သည်။
သူ့လက်ထဲက ဖုန်းကို မြည်လာ၍ လုလီရှင်းက ဖုန်းကို ကိုင်လိုက်သည်။
"လီရှင်း၊ မင်း ဒီနေ့မနက်က အဖိုးကို ကတိပေးထားတယ်လေ၊ ညစာစားဖို့ အိမ်ကို စောစောပြန်လာခဲ့။"
လုလီရှင်းသည် နာရီကို တစ်ချက်လှမ်းကြည့်လိုက်တော့ ဉနေ ၅နာရီ မိနစ်၂၀ ရှိနေပြီဆိုတာကို တွေ့လိုက်ရသည်။ သူ့မှာ အလုပ်လုပ်ချိန် တစ်နာရီလောက်သာ ကျန်တော့ပေမယ့် စားပွဲပေါ်က သူ စုဆောင်းထားတဲ့ စာရွက်စာတမ်းအများစုကို မဖတ်ရသေးဘဲ ရေသာမခိုချင်ပေ။