Unicode
အခန်း (၁၁၇)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)ကျီချင်းချင်းက မျက်မှောင်ကြုတ်လိုက်သည်။ ယခင်က သူမ အဆင်ပြေနေခဲ့သော်လည်း ယခုအခါတွင် အရက်၏ သက်ရောက်မှု အပြည့်ရှိနေသဖြင့် ကားက ယိမ်းခါနေသောအခါတွင် သူမ ပျို့အန်ပြီး သူမရဲ့ဗိုက်က အရမ်းမသက်မသာ ဖြစ်သွားခဲ့သည်။ ကျီချင်းချင်း စိတ်မရှည်စွာဖြင့် လုလီရှင်း၏ ပုခုံးကို သူမရဲ့ မျက်နှာလေးဖြင့် ပွတ်သပ်ကာ "... ကျွန်မ အဆင်မပြေဘူး" လို့ ပြောလိုက်သည်။
လုလီရှင်းမှာ mysophobia ရှိသော်လည်း သူ့အခြေအနေက သိပ်မပြင်းထန်ပါ။ ကျီချင်းချင်းတစ်ယောက် အရက်အလွန်အကျွံသောက်သုံးသဖြင့် မအီမသာဖြစ်နေကာ ပျို့အန်ချင်နေပုံရသည်။ လုလီရှင်းက သူမကို အလျင်အမြန် တွန်းထုတ်ရန် ကြိုးစားသော်လည်း ကျီချင်းချင်းက သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသောကြောင့် သူ့ရဲ့ကြိုးစားမှုက မအောင်မြင်ခဲ့ပေ။
T/N- Mysophobia – ပိုးမွှားများနှင့် မသန့်ရှင်းမှုကို ကြောက်ရွံ့ခြင်း။
ကျီချင်းချင်းသည် အတော်လေး မသက်မသာဖြစ်နေပုံရသည်။
"မင်း ကိုယ့်အပေါ်အန်ချရင် ကိုယ် မင်းကို ပစ်ထုတ်လိုက်မယ်။"
လုလီရှင်းရဲ့ ပြောစကားဆုံးတာနဲ့ ကျီချင်းချင်းက စိတ်မသက်မသာဖြင့် သူမရဲ့ ပါးစပ်ကို အုပ်လိုက်လေသည်။ ထို့နောက် သူမသည် သူ့အပေါ် တိုက်ရိုက်အန်ချခဲ့သည်။
"..." လုလီရှင်း၏ မျက်နှာသည် စိမ်းသွားခဲ့သည်။
ကျီချင်းချင်းသည် လုလီရှင်းအပေါ် အန်ချပြီးနောက် များစွာ ပိုကောင်းလာပြီး ပျော်ရွှင်လာသည်။ လုလီရှင်းသည် အန်ဖတ်၏ရနံ့ကို ရှူရှိုက်မိသောအခါ ရွံရှာစွာ တွန်းထုတ်ပစ်လိုက်သည်။
"နံစော်နေတာပဲ။"
ကားသမားက ထိတ်လန့်တကြား လှည့်ကြည့်ကာ "သခင်..."
"မင်း ကားကိုပဲမောင်း!" လုလီရှင်း၏ မျက်နှာအမူအရာဟာ မည်းမှောင်နေပြီး ကျီချင်းချင်းကြောင့် ညစ်ပတ်သွားသော သူ့ရဲ့ဂျာကင်အင်္ကျီကို ချွတ်လိုက်သည်။