Chapter-114

1.4K 126 1
                                    

Unicode

အခန်း (၁၁၄)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

သူတို့ ဓာတ်လှေကားထဲသို့ လှမ်းဝင်ရင်း ကျီချင်းချင်းသည် တံခါးပိတ်ဖို့ ဓာတ်လှေကားခလုတ်ကို အမြန်နှိပ်လိုက်သည်။ ဓာတ်လှေကားတံခါးပိတ်ခါနီးတွင် ဓာတ်လှေကားတံခါး နှစ်ခုကြားထဲသို့ လက်တစ်ဖက် ဝင်လာပြီး တံခါးပိတ်မရအောင် ပြုလုပ်ခဲ့သည်။

ပိတ်ခါနီး ဓာတ်လှေကားတံခါးက ပြန်ပွင့်လာခဲ့သည်။

ဓာတ်လှေကားရှေ့တွင် ရပ်နေသည့် ယုယန်က ဓာတ်လှေကားထဲက လူနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ ယုယန်တစ်ယောက် သူ့မျက်လုံးတွေကို မှေးကျဥ်းပြီး ကျီချင်းချင်း လက်ကိုင်ထားသည့် အမျိုးသားကို သေချာကြည့်ပြီးနောက် အသက်ရှုကြပ်သွားသည်။

ကျီချင်းချင်း သူ့ကို ဆွဲမသွားခင် ခုနက တံခါးဝမှာ ဝိုးတဝါး ဖြစ်နေတဲ့ အသွင်အပြင်ကိုသာ သူ မြင်လိုက်ရသည်။ ထိုလူကို ကြည့်ရတာ အလွန်ရင်းနှီးသလိုလိုနဲ့ သူ ဘယ်သူလဲ ဆိုတာကို ချက်ချင်း မမှတ်မိနိုင်ခဲ့ပေ။ သို့သော် သူ့ဖိနပ်ကို ဝတ်ဖို့ ငုံ့လိုက်သည့် မျက်စိတစ်မှိတ်အတွင်းမှာပင် ဘယ်သူလဲ ဆိုတာ ရုတ်တရတ် မှတ်မိသွားခဲ့သည်။

ယုယန်သည် ဤဖြစ်နိုင်ခြေက သုညနီးပါး ဖြစ်သည်ဟု မသိစိတ်က ယုံကြည်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်က သူ့ဦးနှောက်ထက် ပိုမြန်နေခဲ့သောကြောင့် ဓာတ်လှေကားနားသို့ ပြေးသွားကာ ဓာတ်လှေကားတံခါးကို မပိတ်အောင် တားဆီးမိခဲ့သည်။

"လု..." ယုယန်က ဓာတ်လှေကားအတွင်းသို့ ခြေချဖို့ ဟန်ပြင်သည်။

လုလီရှင်းရဲ့ မျက်ဝန်းတွေက အန္တရယ်များသည့်ဟန် ကျဥ်းမြောင်းသွားပြီး "ထွက်သွား"

ယုယန်ရဲ့ ခြေလှမ်းက ရပ်တန့်သွားပြီး ဓာတ်လှေကားထဲမှ ပြန်ဆုတ်သွားသည်။

"ခဏနေဦး" နားမခံနိုင်လောက်အောင် စူးရှသည့် အသံတစ်ခုက ရုတ်တရတ် ထွက်ပေါ်လာခဲ့သည်။ ပိတ်တော့မယ့် ဓာတ်လှေကားတံခါးကို တခြားလူတစ်ယောက်က နောက်တစ်ကြိမ် ထပ်ဖွင့်ခဲ့သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Dove le storie prendono vita. Scoprilo ora