Chapter-99

1.6K 153 1
                                    

Unicode

အခန်း (၉၉)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကျီချင်းချင်းရဲ့ အဆက်မပြတ် လောဆော်မှုအောက်တွင် ဒရိုင်ဘာသည် နောက်ဆုံးတွင် ထျန်းယွီအင်တာတိန်းမန့်၏ မြေအောက်ကားပါကင်နေရာ၌ ကားကို ကိုးနာရီ ငါးဆယ်မိနစ်တွင် ရပ်လိုက်သည်။ ဆယ်မိနစ်အကြာတွင် ကျီချင်းချင်းသည် ကုမ္ပဏီဧည့်ခန်းသို့ ရောက်ရှိခဲ့ပြီး ချိန်းထားသောအချိန်ကွက်တိ ချင်ယွဲ့ကို အောင်မြင်စွာ တွေ့ဆုံနိုင်ခဲ့သည်။

သူမရဲ့ မျက်နှာလေးသည် ဖြူဖျော့နေသည်။ သူမ ကုမ္ပဏီဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ဆိုဖာပေါ်တွင် လှဲလျောင်းနေရင်း တုံ့ပြန်မှု မလုပ်နိုင်တော့ပေ။

ကျီချင်းချင်းတစ်ယောက် ကုမ္ပဏီဧည့်ခန်းထဲသို့ ဝင်လာသောအခါ ချင်ယွဲ့သည် ကြော်ငြာအပ်သည့် အေဂျင်စီနှင့် ရိုက်ကူးမည့် အစီအစဥ်များကို ဆွေးနွေးနေဆဲ ဖြစ်သည်။

ချင်ယွဲ့သည် ကုမ္ပဏီတွင် နာမည်ကြီးအေးဂျင့်တစ်ဦး မဟုတ်သောကြောင့် မုန့်ရွှင်းအစား ကျီချင်းချင်းကို တာဝန်ယူပေးရန် ပြောခဲ့သည်။ ဒါပေမယ့် သူ့ဘော့စ်က သူ့ကို ကျီချင်းချင်းရဲ့ အေးဂျင့်အဖြစ် သတ်မှတ်ခဲ့သည်။ အရင်က အနုပညာရှင်ပေါင်းများစွာနဲ့ ဆက်ဆံခဲ့ဖူးပြီး အတွေ့အကြုံလည်း အများကြီး ရှိပြီးသား ဖြစ်သည်။ ကျီချင်းချင်းရဲ့ အရင်က သိပ်မကောင်းသည့် အတိတ်အကြောင်း သူ သိပ်ပြီး မတွေးခဲ့ဘူး။ ဖျော်ဖြေရေး အသိုင်းအဝိုင်းမှာ ဘယ်အရာမှ တည်မြဲခြင်း မရှိဘူး။ လူတစ်ဦးရဲ့ ကံကြမ္မာအပြောင်းအလဲက ချက်ချင်း ရရှိနိုင်ပြီး သူမနှင့် သူမပတ်ဝန်းကျင်ရှိ မကောင်းသော ကောလာဟလများကိုပါ ဖယ်ရှားနိုင်စွမ်းရှိသည်။ ဖျော်ဖြေရေး နယ်ပယ်မှာ အမှိုက်သရိုက်တွေနှင့် လျှို့ဝှက်ချက်တွေ အများကြီး ရှိသည်။

"မင်းမျက်နှာက ဘာဖြစ်လို့ အရမ်းဖြူဖျော့နေတာလဲ။"

ကျီချင်းချင်းက သူမလက်ကို ဝှေ့ယမ်းပြီး ပြန်ဖြေသည်။ "ကိစ္စကြီး မဟုတ်ဘူး။ ခဏလောက် အနားယူပြီးရင် သက်သာသွားလိမ့်မယ်။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now