အခန်း (၁၃၅)
ကျီချင်းချင်းသည် လက်ထဲ၌ကိုင်ထားသော ဖိနပ်များကို ချလိုက်ချင်သော်လည်း လုလီရှင်းသည် သူမအား လှမ်းကြည့်၍ ပြောလိုက်သည်။ "ဖိနပ်တွေကို ဆက်ကိုင်ထားပါဦး။"
ကျီချင်းချင်းသည် ဖိနပ်များကိုကိုင်လျက် မခံမရပ်နိုင်စွာပင် "ကျွန်မမှာ အပြစ်မရှိဘူးလို့ပြောရင် ရှင်ယုံမှာလားဟင်၊ ခင်ပွန်း"
- "ကျန်းမာရေးအမှတ် + ၁ မှတ်၊ လက်ရှိတွင် ရှစ်နာရီကြာ ရှင်သန်နိုင်သေးသည်။"
"ကျွန်မ အမှန်အတိုင်းပြောတာပါ၊ ကျွန်မမှာ အပြစ်မရှိပါဘူး။" သူ့စကားများသည် ကျိုးကြောင်းဆီလျော်မှုမရှိသည်ကို ကျီချင်းချင်းသတိပြုမိသည်။ ထို့ကြောင့် စိတ်ကိုတည်ငြိမ်စွာထားလျက် "ကျွန်မက အဲ့သဘောတူညီချက်နဲ့ ဘာမှမသက်ဆိုင်ပါဘူး၊ ကျွန်မ မလုပ်ခဲ့တဲ့အရာတစ်ခုအတွက် စွပ်စွဲခံနေရတာပဲ၊ ရှင် ကျွန်မကို ယုံမှဖြစ်မယ်၊ ခင်ပွန်း။"
- "ကျန်းမာရေးအမှတ် + ၁ မှတ်၊ လက်ရှိတွင် ကိုးနာရီကြာ ရှင်သန်နိုင်သေးသည်။"
လုလီရှင်းသည် သူမအား အဓိပ္ပာယ်ရှိစွာ ကြည့်လျက် "မင်းက ဘာမှလိုအပ်မနေဘူးဆိုရင် ကိုယ့်ကို မစ်စတာလုလို့ခေါ်တယ်၊ တစ်ခုခု ဖြစ်ပြီဆိုရင်တော့ ခင်ပွန်းလို့ ခေါ်တတ်တယ်၊ မင်းကြည့်ရတာ တွက်တတ်ချက်တတ်ပုံပဲ ဟုတ်တယ်မလား ကျီချင်းချင်း။"
"အခက်အခဲတွေ ဖြေရှင်းပေးဖို့က ခင်ပွန်းသည်တစ်ယောက်ရဲ့ တာဝန်ပဲမဟုတ်ဘူးလား..." ကျီချင်းချင်းသည် ရေရွတ်လိုက်သည်။
- "ကျန်းမာရေးအမှတ် + ၁ မှတ်၊ လက်ရှိတွင် ဆယ်နာရီကြာ ရှင်သန်နိုင်သေးသည်။"
လုလီရှင်းသည် အသံမြှင့်လျက် မေးလိုက်သည်။ "ဘာပြောလိုက်တာလဲ။"
ကျီချင်းချင်းသည် အပြစ်ကင်းစွာ မျက်တောင်ခတ်လျက် "ရှင့်ကို ခင်ပွန်းလို့ခေါ်တာကို မကြိုက်ဘူးဆိုရင် နောက်မခေါ်တော့ပါဘူး။"
လုလီရှင်းသည် ကိုယ့်ရှူးကိုယ်ပတ်မိကြောင်း ရိပ်စားမိလေသည်။ စကားမပြောခင် အတန်ငယ် ငြိမ်သက်လျက် "ကိုယ်က အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး။"