Chapter-90

2.3K 242 5
                                    

Unicode

အခန်း (၉၀)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကျီချင်းချင်းက အသာလေး ချောင်းဟန်ပြီး တီးတိုးပြောသည်၊ "သူတို့ ကျွန်မကို အနိုင်ကျင့်ကြတယ်။"

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တီးတိုးဆိုနေတာကို မြင်လိုက်ရသည့် ကြည့်ရှုသူတွေက အရမ်းရင်းနှီးနေမှန်း သိလိုက်ကြသည်။

ကုရှောက်ယွီသည် ငြိမ်ငြိမ်လေး ဆက်နေဖို့ သည်းခံနိုင်စွမ်း မရှိတော့ပဲ လုလီရှင်းကို ဒေါသတကြီးကြည့်ကာ "အစ်ကိုရှင်း အဲ့ဒီမိန်းမ အရူးလုပ်တာကို မခံလိုက်နဲ့။ သူမက ချူစားတတ်တဲ့မိန်းမတစ်ယောက်ပဲ။ ဒီမိန်းမက ကျော်ကြားချင်တာကြောင့် ကျွန်တော့်ကို သူမရဲ့ ကျောထောက်နောက်ခံ လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ကျွန်တော် သူမကို စွန့်ပစ်ပြီးနောက် သိပ်မကြာခင်မှာပဲ သူမက နောက်ထပ် သူဌေးလက်သစ်တစ်ယောက်ကို ထပ်ရှာတွေ့ခဲ့တယ်။ မနေ့ကပဲ၊ သူမနဲ့ သူမရဲ့သူဌေးလက်သစ်တို့ စျေးဝယ်စင်တာမှာ ဆယ်မိနစ်အတွင်း ယွမ်တစ်သန်းခွဲ သုံးစွဲခဲ့တယ် ဆိုတာကို အစ်ကို သိလား။"

ကုမိသားစုနှင့် လုမိသားစုတို့သည် အချင်းချင်း ရင်းနှီးသော ဆက်ဆံရေးအချို့ ရှိခဲ့သည်။ ကုမိသားစုသည်လည်း ထျန်းယွီအင်တာတိန်းမန့်တွင် ရှယ်ယာအချို့ ပိုင်ဆိုင်ထားသည်။ မဟုတ်ရင် ကုရှောက်ယွီက ဖျော်ဖြေရေးနယ်ပယ်မှာ ကျီချင်းချင်းရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ပိတ်ပင်နိုင်တယ်လို့ ဘယ်တော့မှ ခြိမ်းခြောက်ခဲ့မှာ မဟုတ်ဘူး။"

လုလီရှင်းက ခေါင်းမော့ပြီး ကုရှောက်ယွီကို ‌အေးစက်စွာ ကြည့်လိုက်သည်။ "သူဌေးလက်သစ်လား။"

"ဟုတ်တယ်၊ သူမက သူဌေးလက်သစ်တစ်ယောက်နဲ့ အတူရှိခဲ့တယ်။ တစ်စုံတစ်ယောက်က သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံကို ရိုက်ခဲ့မိသေးတယ်။ အစ်ကိုရှင်း၊ ဒီမိန်းမရဲ့ အသွင်အပြင်ကြောင့် အရူးလုပ်တာကို မခံလိုက်ပါနဲ့။ ဒီမိန်းမက သူမ လိုချင်တာကိုရဖို့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တယ်။ ကျွန်တော် သူမနဲ့ အချိန်အတော်ကြာ အတူရှိခဲ့ပေမယ့် သူမရဲ့ ပင်ကိုယ်အကျင့်စရိုက်ကို မသိခဲ့ဘူး။ သူမက မာနကြီးတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ အတုအယောင်ဆန်ပြီး လောဘလည်းကြီးတယ်။ သူမလို မိန်းမမျိုးက... အိုး..."

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now