Chapter-189

319 44 0
                                    

အခန်း (၁၈၉)

"မင်း တစ်ယောက်ယောက်ကိုများ ပြောပြလိုက်သေးလား။"

"မပြောပါဘူး။ ဒီကိစ္စကို တစ်ခြားလူတွေကို ကျွန်မ ဘယ်လိုလုပ်ပြောမှာလဲ။ ကျွန်မတို့လို အနုပညာလောကထဲက လူတွေက ကိုယ်ရေးကိုယ်တာနဲ့ ဂုဏ်သိက္ခာကို အရမ်းတန်ဖိုးထားကြတာ။ တစ်ချို့ပရိသတ်တွေက သူ့တို့အိုင်ဒေါရည်းစားရသွားရင် မကြိုက်ကြဘူး၊ ဒါပေမယ့် မသိနိုင်ဘူးလေ၊ အစ်မကျင်းယွမ်က သူ့ပရိသတ်တွေကို စပရိုက်လုပ်ချင်တာလဲ ဖြစ်ချင်ဖြစ်မှာပေါ့။"

"အနုပညာလောကထဲက လူတွေက ကိုယ်ရေးကိုယ်တာနဲ့ ဂုဏ်သိက္ခာကို အရမ်းတန်ဖိုးထားကြတယ်..." လုလီရှင်းသည် ထိုစကားအား ရေရွတ်လိုက်သည်။ "မင်းလည်း ဒါတွေက အရေးကြီးတယ်လို့ထင်လား။"

"ဒါပေါ့။ ရှင်မသိလို့ တစ်ချို့ပရိသတ်တွေက တအားဆိုးတာ။ သူတို့က ရည်းစားလိုပရိသတ်မျိုးသာဆို သူတို့အကြိုက်ဆုံးအိုင်ဒေါ ရည်းစားရသွားတာသိရင် ဆက်အားမပေးကြတော့ဘူး။" ကျီချင်းချင်းသည် စဉ်းစားကာ ဆက်ပြောလိုက်သည်။ "ကျွန်မမှာ အခုပရိသတ်တွေအများကြီးမရှိသေးပေမယ့် ကျွန်မလည်း တစ်နေ့ကျရင် နာမည်ကြီးလာမယ်လို့ထင်တယ်။"

"ကောင်းပါတယ်၊ ဒါပေမယ့် မင်းကြိုးစားဖို့ လိုသေးတယ်။" လုလီရှင်းသည် ချက်ချင်းပင် ရေကိုစမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ "အဖိုးက ဒီနေ့ မေးနေသေးတယ်။"

"ဘာကိုလဲ။"

"အဖိုးက ကိုယ်တို့လက်ထပ်ပွဲအကြောင်းကို မေးနေတယ်။"

"လက်ထပ်ပွဲ..." ကျီချင်းချင်းမှာ ခဏ တွန့်ဆုတ်သွားရသည်။

အတိတ်တုန်းကတော့ သူမ တကယ်ပဲ လက်ထပ်ပွဲကျင်းပချင်ခဲ့တာ ဒါပေမယ့် လူနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ချစ်နေမှ ဖြစ်မှာပေါ့။ သူမနဲ့ လုလီရှင်းက အခုထိ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်မရှိကြသေးဘူး။ လက်ထပ်ပွဲကျင်းပလိုက်ရင် အကုန်လုံးက သူမက လုလီရှင်းရဲ့ဇနီးသည်လို့ သိသွားကြလိမ့်မည်။ လုလီရှင်းက ဒီလိုဖြစ်စေချင်ပါ့မလား။

ကျီချင်းချင်းသည် လုလီရှင်းအား မျက်လေးလေးမှေးကာ ကြည့်နေသည်။ သူက ဒါကိုစပြောလာတယ်ဆိုတော့ သူ့ဘက်က လိုလားလို့များလား။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now