Chapter-95

2K 213 5
                                    

Unicode

အခန်း (၉၅)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

အခန်းတံခါးက ရုတ်တရတ် တွန်းဖွင့်ခြင်း ခံလိုက်ရသည်။

ချက်ချင်းပင် လုလီရှင်းရဲ့ နှာခေါင်းကို နှင်းဆီပန်းရနံ့တွေက မိတ်ဆက်သွားသည်။ သူက အခန်းမှားပြီးတော့ ဝင်လာမိတယ်လို့ ထင်မိလုနီးပါး ဖြစ်သွားခဲ့သည်။

လုလီရှင်းသည် အခန်းထဲသို့ ဝင်လာပြီး ကုတင်နားမှာ ရပ်လိုက်သည်။ ကုတင်ပေါ်မှာ လူးလိမ့်နေတဲ့ ကျီချင်းချင်းကို ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ လုလီရှင်းသည် ဒီမြင်ကွင်းကိုမြင်ပြီး ခေါင်းကိုက်ချင်သလို ဖြစ်သွားသည်။

အိပ်ရာမဝင်ခင်မှာ သူမ လေ့ကျင့်ခန်း လုပ်နေတာလား။

"အဟွတ်... အဟွတ်..." လုလီရှင်း ချောင်းနှစ်ခါ ဟန့်ပြီးမှ ကျီချင်းချင်းရဲ့ မျက်ဝန်းတွေက ချက်ချင်း ပွင့်လာခဲ့သည်။ သူမက ကုတင်ပေါ်မှာ လူးလိမ့်နေသောကြောင့် သူမရဲ့မျက်လုံးတွေနှင့် တိုက်ရိုက် ဆုံတွေ့သွားခဲ့သည်။

ကျီချင်းချင်းက လုလီရှင်းကို ခပ်အေးအေးပဲ ကြည့်ကာ "ဘာကိစ္စရှိလို့လဲ။" လို့ မေးမြန်းလိုက်သည်။

လုလီရှင်းက သူမလက်ထဲ တက်ဘလက်တစ်လုံးကို လက်လွှဲပေးကာ ပြောသည်၊ "ဒီကိစ္စကို ဖြေရှင်းပြီးပြီ၊ မင်းကိုယ်တိုင် တစ်ချက် ကြည့်လိုက်ပါဦး။"

ကျီချင်းချင်းသည် လုလီရှင်းထံမှ တက်ဘလက်ကို လှမ်းယူကာ တက်ဘလက်ပေါ်မှ စာသားတွေကို အပေါ် အောက်ဆွဲကာ ဖတ်ရှုခဲ့သည်။ ရှန်းဝေဝေမှ ဝေ့ပေါ်တွင် တောင်းပန်စာ တင်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လွန်ခဲ့သည့် တစ်လက ဖြစ်ပွားခဲ့‌သည့် တောင်ကုန်းပေါ်မှ ထွက်ကျခဲ့သည့် မတော်တဆမှုနှင့် ပတ်သတ်၍ အသေးစိတ် ရှင်းလင်းချက် ပါဝင်ခဲ့သည်။ ရှန်းဝေဝေသည် ကျီချင်းချင်းက သူမတို့ရဲ့ ဇာတ်ဝင်ခန်းများကို အတူတူ လေ့ကျင့်ဖို့ သူမကို ရှာဖွေခဲ့ခြင်းသာြဖစ်ပြီး သူမတို့အချင်းချင်း စကားများရန်ဖြစ်ခြင်း အလျဥ်းမရှိခဲ့ကြောင်း ရှင်းပြခဲ့သည်။ သူမသည် ဇာတ်ဝင်ခန်း လေ့ကျင့်ရာတွင် အလွန်စျာန်ဝင်စားခဲ့ပြီး မတော်တဆ တောင်ကုန်းပေါ်မှ လိမ့်ကျသွားခဲ့ကြောင်းကိုပါ ရှင်းပြခဲ့သည်။ သူမသည် နားလည်မှုလွဲမှားခဲ့ခြင်းအတွက် စိတ်ရင်းဖြင့် တောင်းပန်လိုကာ ယခုလအတွင်းမှာ မကောင်းသည့် မှတ်ချက်များ၊ စော်ကားမှုများကို လက်ခံရရှိခဲ့သည့် ကျီချင်းချင်းကို စိတ်ရင်းအမှန်ဖြင့် တောင်းပန်လိုပါသည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Dove le storie prendono vita. Scoprilo ora