Chapter-116

1.3K 111 1
                                    

Unicode

အခန်း (၁၁၆)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

ကျီချင်းချင်းသည် အနည်းငယ် မူးနေပုံပေါ်သည်။

"မင်း လျှော့သောက်ပါ၊ ဒီဝိုင်မှာ အယ်လ်ကိုဟောပါဝင်မှုနှုန်း အလွန်မြင့်မားတယ်။"

ကျီချင်းချင်းက ယောင်ဝါးဝါး ပြုံးလိုက်ပြီး "စိတ်ချပါ စိတ်ချပါ။ ကျွန်မ သုံးခွက်ပဲ သောက်ရသေးတယ်၊ ကျွန်မ မမူးသေးပါဘူး။"

ထို့နောက် သူမသည် နောက်ထပ် ဝိုင်တစ်ခွက်ကို ဝိုင်ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။

လုလီရှင်းသည် ကျီချင်းချင်းတစ်ယောက် ဝိုင်တစ်ခွက်ပြီးတစ်ခွက် သောက်နေသည်ကို ကြည့်ကာ သူမကို မတားခဲ့ပါ။

လူတိုင်းဟာ သူတို့ရဲ့ခံစားချက်တွေကို ထွက်ပေါက်ပေးဖို့ နည်းလမ်းတစ်ခု လိုအပ်သည်။ သူတို့ နှလုံးသားထဲမှာ စိတ်ခံစားချက်တွေကို အကြာကြီး ဖိနှိပ်ထားရင် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ စိတ်ဖိစီးမှုတွေ စုပုံလာပြီး ဖျားနာလာလိမ့်မည်။

ကျီချင်းချင်းသည် သူမ ဝိုင်ဘယ်နှစ်ခွက် သောက်ခဲ့သည်ကို မမှတ်မိသော်လည်း သူမ ပိုသောက်လေ ဝိုင်ရဲ့အရသာက ပိုချိုလေ ခံစားရသည်။ သူမ တစ်ကိုယ်လုံး စိတ်ပူစရာတွေ ကင်းစင်သွားသလို ခံစားလိုက်ရသည်။ ကျီချင်းချင်းသည် ဝိုင်အမြောက်အမြားသောက်ပြီးနောက် မူးဝေလာပါတော့သည်။ သူမရှေ့တွင် အရာအားလုံး မှုန်ဝါးနေကာ သူမရဲ့ မျက်ခွံများကိုပင် မဖွင့်နိုင်လောက်အောင် မူးဝေနေခဲ့သည်။

အစာမစားမီ သောက်သုံးခြင်းသည် ပျော်ရွှင်မှုကို တိုးပွားစေသော်လည်း ကျီချင်းချင်း၏ ဤကဲ့သို့ သောက်ခြင်းသည် စိတ်ဖိစီးနေလို့ သောက်သုံးနေတာနဲ့တူသည်။

"ချင်းချင်း၊ နင်တစ်ယောက်တည်း အရက်မသောက်သင့်ဘူး။ ယုယန်နဲ့ အတူသောက်သင့်တယ်။ သူက နင့်ကို နှစ်အတော်ကြာအောင် စောင့်နေခဲ့တယ်၊ ဒါကြောင့် နင် သူ့အပေါ် လောကဝတ်တော့ ရှိသင့်တယ်" ဟု အမေကျီက လုလီရှင်းရှေ့မှာပင် ဤသို့ ပြတ်ပြတ်သားသား ပြောခဲ့သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Tempat cerita menjadi hidup. Temukan sekarang