Chapter-162

730 58 1
                                    

အခန်း (၁၆၂)

လုလီရှင်းသည် သူမလက်ကောက်ဝတ်‌ကို ဆွဲကိုင်ကာ ပြောလိုက်သည်။ "မင်းက နပိုလီယံဝရာဆေးငါး စားချင်တာမလား၊ အဲ့တော့ အဲ့ဒါပဲစားရအောင် စီစဉ်ပေးမယ်"

ကျီချင်းချင်းလည်း မျက်ခုံးပင့်လျက် ငါးကိုကြည့်လိုက်သည်။ "ဟုတ်ပြီလေ၊ ဒါဆိုနင့်ကို ဒီနေ့တော့ လွှတ်ပေးလိုက်မယ်"

ထို့နောက် လုလီရှင်းသည် မတ်တပ်ရပ်ကာ မီးဖိုပေါ်ရှိ ဒယ်အိုးကိုကြည့်လျက် အပူမပေးဘဲ ဗွီဒီယိုထဲကအတိုင်း ဆီလောင်းချလိုက်လေသည်။

အတွေ့အကြုံမရှိသဖြင့် ဆီမထည့်ခင် ဒယ်အိုးအား အပူမပေးခဲ့ချေ။ ဆီပူလာသောအခါ ဆီပေါက်၍ လုလီရှင်း၏ အဖြူရောင် ရှပ်အင်္ကျီထံ စင်ကုန်လေသည်။

ကျီချင်းချင်းမှာ အနီးအနားကို ကြည့်လိုက်သောအခါ ဗီရိုထဲ၌ ရှေ့ဖုံးခါးစည်းအား တွေ့လိုက်ရသည်။ သွားယူပြီးသောအခါ လုလီရှင်းအား လှမ်းခေါ်လိုက်သည်။ "ဒီကိုလာခဲ့လိုက်၊ ဝတ်ပေးမယ်"

လုလီရှင်းသည် အပြာဖျော့ရောင်ပန်းများပါသော ပန်းရောင်ခါးစည်းကို တစ်ချက်မျှကြည့်ကာ ငြင်းဆန်လိုက်သည်။ "မဝတ်ပါဘူး"

"ရှင့်အင်္ကျီကို ဆီတွေစင်ကုန်ပြီ၊ နောက်ကျလျှော်ဖို့ ခက်လိမ့်မယ်"

"လျှော်လို့မရတော့ရင် ပစ်လိုက်မှာပေါ့"

ကျီချင်းချင်း သက်ပြင်းချလိုက်သည်။

လုလီရှင်းသည် လူထူးလူဆန်းတစ်ယောက်ဖြစ်သည်။ ဂဏန်း ၅လုံး၊ ၆လုံး တန်ဖိုးရှိသော အင်္ကျီကိုအလွာ်တကူပင် ပစ်လိုက်ရန်ပြောလေသည်။

သို့သော်လည်း ကံကောင်းသည်မှာ ထိုကဲ့သို့အင်္ကျီမျိုး တစ်ထည်၊ နှစ်ထည်ပစ်လိုက်ရခြင်းသည် သူ့အတွက်ထူးခြားမည်မဟုတ်ပေ။

"ရှင်ဒီကိုလာတုန်းက သိပ်မှမယူလာခဲ့ပဲ၊ ပစ်လိုက်မယ်ဆိုရင် ဘာသွားဝတ်တော့မှာလဲ"

လုလီရှင်းလည်း ဘီရိုထဲတွင်ကျန်ရှိသော အဝတ်အနည်းငယ်အကြောင်းတွေးကာ ငြိမ်သက်သွားလေသည်။

ကျီချင်းချင်းမှာ သူ့နောက်ရောက်လာ၍ ခါးစည်းဝတ်ပေးလျက် အနောက်မှ ကြိုးချည်ပေးလိုက်သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Où les histoires vivent. Découvrez maintenant