Chapter-77

2K 223 0
                                    

Unicode

အခန်း (၇၇) – လတ်တလောမှ ချမ်းသာကြွယ်ဝလာသူ လုလီရှင်းနှင့် သူ့ရဲ့ နူးညံ့သိမ်မွေ့သော ချစ်ဇနီး (၂)

သူမတို့ အပြင်မှာပဲ ရှိနေသေးသည့်အတွက် ကျီချင်းချင်းက သူ့ကို မျက်နှာသာပေးသည့်အနေဖြင့် ကတ်ကို လက်ခံပေးလိုက်သည်။

"ဆရာတို့ရဲ့ ပစ္စည်းတွေကို အခုချက်ချင်း ထုပ်ပိုးပေးပါ့မယ်။ ကျေးဇူးပြုပြီး VIP ဧည့်ခန်းမှာ ခဏစောင့်ဆိုင်းပေးပါရှင့်။" ထိုကဲ့သို့ ပြောပြီးနောက် ဆိုင်ဝန်ထမ်းတစ်ယောက်က သူတို့ကို VIP ဧည့်ခန်းဆီ ခေါ်ဆောင်သွားခဲ့သည်။

ဧည့်ခန်းထဲတွင် ဆိုဖာအသေးလေးတစ်လုံးနှင့် စားပွဲတစ်လုံးအပြင် စောင့်ဆိုင်းနေသော ဖောက်သည်များအတွက် လိုအပ်မည့် အခြားအရာများပါရှိသည်။ လုလီရှင်းသည် ဆိုဖာပေါ်တွင် ထိုင်ပြီးတာနဲ့ သူ့နက်ကတိုင်လည်စည်းကို အသာအယာ ဖြေလျော့လိုက်သည်။ နောက်ဆုံး၌ သူ အသက်ရှုဝသွားသလို ခံစားလိုက်ရသည်။ သူက ဆိုင်ဝန်ထမ်းအား “မင်းတို့ဆီမှာ ဝိုင် ရှိလား” ဟု မေးလိုက်သည်။

နိုင်ငံတကာ ပထမအဆင့် အမှတ်တံဆိပ် စတိုးဆိုင် အများအပြားတွင် သူတို့ရဲ့ ‌ဖောက်သည်များကို ဝန်ဆောင်မှုပေးရန် ဝိုင်များကို အရန်သင့် ထားရှိသည်။

"ဟုတ်ကဲ့ ရှိပါတယ်။ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ။"

ကျီချင်းချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ "မစ္စတာလု အဆင်ပြေရဲ့လား။"

"ကိုယ် အဆင်ပြေပါတယ်။"

"ရှင် အဆင်ပြေတယ်ဆိုရင် ရှင် ဘာဖြစ်လို့ ဝိုင်သောက်ချင်ရတာလဲ။"

လုလီရှင်းက သူမကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ "ဝမ်းနည်းသလို ခံစားနေရလို့။"

"ရှင့်ရဲ့ ခရက်ဒစ်ကတ်..." ကျီချင်းချင်းက သူ့မပိုက်ဆံအိတ်ထဲက ခရက်ဒစ်ကတ်ကို ထုတ်ယူလိုက်သည်။

"မင်း ယူထားလိုက်" လုလီရှင်းက ပြောလိုက်သည်။

ကျီချင်းချင်းသည် ခဏလောက် စဉ်းစားပြီးနောက် ခရက်ဒစ်ကတ်ကို သူမလက်ကိုင်အိတ်ထဲ ပြန်ထည့်လိုက်သည်။ ဒါကိုကြည့်လျှင် သူမ ဒီခရက်ဒစ်ကတ်ကို လက်ခံလိုက်တာမှန်း သိနိုင်သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Dove le storie prendono vita. Scoprilo ora