Chapter-119

1.4K 127 1
                                    

Unicode

အခန်း (၁၁၉)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)

"ဟစ်--"

လုလီရှင်းသည် သူ့အောက်နှုတ်ခမ်းကို ကြမ်းတမ်းစွာ ကိုက်ခဲနေသည့် ကျီချင်းချင်းထံမှ နွေးထွေးချိုမြိန်သော ထွက်သက်ဝင်သက်ကို သူ ခံစားလိုက်ရသည်။ လုလီရှင်း၏ နှလုံးသားသည် သူတို့၏ နှုတ်ခမ်းများ ထိတွေ့သွားသည်နှင့် တပြိုင်နက် အခုန်မြန်သွားသည်။ ကျီချင်းချင်း၏ ရုတ်တရတ် လုပ်ရပ်ကြောင့် တုန်လှုပ်သွားမိသော်လည်း သူမ၏ နှုတ်ခမ်းသားများက နူးညံ့သော ခံစားမှုက ခဏသာဖြစ်ပြီး သူက အကိုက်ခံလိုက်ရသဖြင့် နာကျင်မှုက ချက်ချင်းပင် အစားထိုး ဝင်ရောက်သွားခဲ့သည်။ လုလီရှင်းသည် နာကျင်မှုကြောင့် မျက်မှောင်ကြုတ်သွားသည်။

လုလီရှင်းသည် ကျီချင်းချင်း၏ပခုံးပေါ်လက်တင်ပြီး သူမကို တွန်းထုတ်ရန် ကြိုးစားခဲ့သည်။ ဒါပေမယ့် ကျီချင်းချင်းက သူ့ရင်သွေးကို စောင့်ကြပ်နေတဲ့ လောဘကြီးတဲ့ နဂါးတစ်ကောင်လို ပြုမူပြီး သူ့အောက်နှုတ်ခမ်းကို ပို၍ ပြင်းပြင်းထန်ထန် ကိုက်လိုက်ပါသည်။ ကျီချင်းချင်းသည် လုလီရှင်း၏ အောက်နှုတ်ခမ်းကို သူမရဲ့ သွားများဖြင့် အပြန်ပြန်အလှန်လှန် ကိုက်ခြေကိုက်ဆွဲနေခဲ့သည်။

လုလီရှင်းက သူမကို နောက်တစ်ကြိမ် တွန်းထုတ်ဖို့ ကြိုးစားပေမယ့် ကျီချင်းချင်းက လက်မလွှတ်ပေးခဲ့ပါဘူး။ ဆက်လက်၍ နာကျင်နေရသူမှာ သူသာ ဖြစ်သည်။

ကျီချင်းချင်းထံတွင် ချွန်ထက်သော သွားများရှိသည်။

"ကျီချင်းချင်း၊ အိပ်ရာထတော့။"

ကျီချင်းချင်းသည် ဝိုင်အလွန်အကျွံသောက်ပြီးနောက် လုံးဝ အသိစိတ်မကပ်တော့ပေ။ သူမသည် လုလီရှင်း၏ အောက်နှုတ်ခမ်းကို ထပ်ကာထပ်ကာ ကိုက်ခြေပြီး သူမ မကိုက်နိုင်မှန်း သိပြီးနောက် နောက်ဆုံးတွင် သူမက လွှတ်ပေးလိုက်သည်။ ကျီချင်းချင်းသည် လုလီရှင်းကို မှီလှဲချလိုက်ပြီး "ရှင်က ဘာဖြစ်နေတာလဲ။ ကျွန်မ ရှင့်ကို ဘာဖြစ်လို့ မကိုက်နိုင်ရတာလဲ။" ဟု မေးလိုက်သည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now