Chapter-126

1.2K 98 1
                                    

Unicode

အခန်း (၁၂၆)

လုလီရှင်းသည် "အင်း" ဟုပြောကာ ရေချိုးခန်းထဲဝင်သွားသည်။

နောက်တစ်နေ့မနက်တွင် လုလီရှင်းသည် စောစောနိုးလာသည်။ ဆေးကြောသန့်စင်ပြီးသောအခါ ကုမ္ပဏီသို့ သွားလေသည်။ သူထွက်သွားပြီးလျှင်ပြီးချင်းပင် ကျီချင်းချင်းသည် သူမ၏ လက်ဆွဲအိတ်ကိုသယ်ကာ အဖိုးလုနှင့် အန်တီဖေးတို့ကို နှုတ်ဆက်စကားဆိုလေသည်။

"ချင်းချင်း၊ အပြင်မှာတစ်ယောက်တည်းဆိုတော့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ မမေ့နဲ့ဦး။ အရမ်းလည်း အပင်ပန်းမခံနဲ့။"

"အဖိုးလည်း ဂရုစိုက်ပါ။ သမီး နှစ်လ သုံးလနေရင် ပြန်လာမှာပါ။ အန်တီဖေးလည်း ဂရုစိုက်ဦးနော်။ အဖိုးကိုလည်း စောင့်ရှောက်ပေးပါဦး။"

"စိတ်မပူပါနဲ့။"

ကားဆရာသည် ချင်းချင်း ၏ လက်ဆွဲသေတ္တာကို ကားနောက်သို့ထည့်ကာ သူမအား ချင်ယွဲ့နှင့် တွေ့ဆုံရန် ထျန်းယွီအင်တာတိန်းမန့်သို့ ခေါ်ဆောင်သွားလေသည်။

အထက်မှ ညွှန်ကြားချက်များနှင့် လုလီရှင်း၏ ကျီချင်းချင်းအပေါ် ဆက်ဆံပုံတို့ကြောင့် ယခုတလောတွင် ချင်ယွဲ့သည် ကျီချင်းချင်း၏ ကိစ္စများနှင့် ပတ်သက်၍ အထူးဂရုပြုဆောင်ရွက်နေသည်။ အဖွဲ့သားများနှင့် တွေ့ဆုံရန်အတွက်လည်း အဖော်လိုက်ပြုပေးခြင်းဖြစ်လေသည်။

လေယာဉ်သည် ၁၂ နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ပြီး နေ့လည် ၄ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်သည်။ ယခု ဟိုတယ်ရောက်ချိန်တွင် ၅ နာရီခွဲနေပြီ ဖြစ်သည်။ အတော်အတန် နောက်ကျနေပြီ ဖြစ်သောကြောင့် အဖွဲ့သားများသည် အစီအစဉ်များကို နောက်နေ့သို့ ရွှေ့လိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုအချိန်မှာပင် လုလီရှင်းသည် သူ၏စားပွဲတွင် အလုပ်လုပ်နေလေသည်။

လုလီရှင်းသည် ချန်ရှုယီဆီမှ ဖုန်းလက်ခံရရှိခဲ့သည်။

"လီရှင်းရေ၊ မနက်ဖြန် ကုမ္ပဏီမှာ စားသောက်ပွဲရှိတယ်။ ညနေ ၆ နာရီဆို စမှာ။ အဲ့ဒါ မင်းပွဲတက်ဖို့ အချိန်ရှိလားဆိုတာ စစ်ကြည့်ပါဦး။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Donde viven las historias. Descúbrelo ahora