Chapter-160

686 65 1
                                    

အခန်း (၁၆၀)

ပါဝင်ပစ္စည်းများသည် အလွန်လတ်ဆတ်လှပေသည်။ ပုစွန်များမှာလည်း အိတ်အတွင်း၌ ခုန်ပေါက်နေကြပေသေးသည်။ ရေထဲရှိငါးထံမှလည်း ပူစီဖောင်းများကို မြင်နိုင်လေသည်။ ပြောင်းဖူးမွှေးများမှာလည်း ခွာကာစဖြစ်လေသည်။ ထို့အပြင် ဟင်းခတ်အမွှေးအကြိုင်ဘူးများမှာလည်း မဖောက်ရသေးသော ဘူးသစ်များဖြစ်လေသည်။ သူ့ရှေ့ရှိ ပစ္စည်းများကိုမြင်သောအခါ လုလီရှင်းသည် မျက်မှောင်ကြုံ့သွားကာ ကြည့်ရဆိုးသွားလေသည်။

ရုံးခန်းရှိ အစည်းအဝေးခန်းနှင့်မတူဘဲ မီးဖိုချောင်သို့မူ ချက်ပြုတ်ရန် မဆိုထားနှင့် ခြေပင်မချဖူးချေ။ ဟင်းခတ်‌အမွှေးအကြိုင်များကိုပင် အကြိမ်အနည်းငယ်သာ တွေ့ဖူးလေသည်။

ဟင်းခတ်မှုန့်များကို လှန်လျောကြည့်ရှု၍ ရင်းနှီးသွားသောအခါ ဖုန်းဖွင့်လျက် ချက်ပြုတ်နည်း ဗွီဒီယိုများကို ကြည့်ရှုလိုက်လေသည်။ အင်္ကျီလက်ကို မ,တင်လျက် ဗွီဒီယိုထဲမှလူပြောသည့်အတိုင်း တစ်ဆင့်ချင်းလိုက်လုပ်နေပေသည်။

ပထမဆုံးဟင်းလျာမှာ ပုစွန်နှင့် ပြောင်းဖူးအချိုချက်ဖြစ်သည်။ သူ့လက်များကိုသုံးလျက် ပြောင်းဖူးဆံများကို ခြွေနေလေသည်။ ၁၀ မိနစ်ခန့်ကြာသောအခါ တစ်ဝက်မျှပင် မပြီးသေးချေ။

လုလီရှင်း၏ မျက်နှာလည်း ညိုမည်းလာလျက် ပြောင်းဖူးဆံများသည်လည်း သူ့လက်များကြားတွင် ကြေကုန်ကြလေသည်။

ဧည့်ခန်းဆီများ ခြေသံများကို ကြားနေရလေသည်။

ကျီချင်းချင်းလည်း မီးဖိုချောင်ထဲတွင် ကုန်း၍ ပြောင်းဖူးခြွေနေသော လုလီရှင်းကို မြင်သောအခါ တအံ့တဩ မေးလိုက်သည်။ "ဘာလုပ်နေတာလဲ။"

လုလီရှင်းလည်း ခေါင်းမော့ကာ သူမအားကြည့်လိုက်သည်။ "ပြောင်းဖူးခြွေနေတာလေ။"

ဆူညံသံများကို ကြားစဉ်က ကျီချင်းချင်းသည် အခန်းတွင်း၌ရှိလေသည်။ ဟိုတယ်ဝန်ထမ်းများ စားသောက်ဖွယ်ရာတို့ကို ယူလာပေးသည်အထင်နှင့် မိနစ် ၃၀ ပင် မကြာသေးဘဲရောက်လာသော ဟိုတယ်၏ အမြန်နှုန်းအား တွေးနေမိခဲ့သေးသည်။ ဆေးကြောသန့်စင်ကာ အခန်းပြင်သို့ ထွက်လာလိုက်သည်။ သို့သော် သူမမျှော်လင့်ထားသော စားသောက်ဖွယ်ရာအနံ့တို့ကိုမရဘဲ လုလီရှင်းကိုလည်း ရှာမတွေ့ချေ။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now