အခန်း (၁၈၈)
လုလီရှင်း၏မျက်နှာ စခရင်ပေါ်တွင် ပေါ်လာသောအခါ ကျီချင်းချင်းသည် သူမ၏လက်ကိုလှည့်လိုက်ကာ ဖုန်းမျက်နှာပြင်နှင့် မွေ့ရာအား ကပ်ထားလိုက်သည်။
ညက မှောင်ပြီး လေထန်လှသည်။ သူ အခုထိ မအိပ်သေးဘဲ ဘာဖြစ်လို့ သူမကို ဗီဒီယိုဖုန်းခေါ်ဆိုနေတာလဲ။
သူလည်း သူမလိုပဲ အိပ်မပျော်လို့များ ဖြစ်နိုင်လား။
ဒါပေမဲ့ သူ အိပ်မပျော်ဘူးဆိုရင်တောင် ဘာဖြစ်လို့ သူမဆီ ဗီဒီယိုဖုန်းခေါ်ဆိုရတာလဲ။
ကျီရှင်းရှင်း စိတ်ရှုပ်ထွေးနေသည်။ ဟိုလှည့်ဒီလှည့်လုပ်ရင်း ရှုပ်ပွသွားသော ဆံပင်များကို ဖြီးလိုက်ပြီး ဖုန်းကို ကောက်ကိုင်ကာ ဖုန်းမျက်နှာပြင်ရှေ့သို့ တိုးလိုက်၏။
ကျီချင်းချင်း၏ မျက်နှာက သူ့ရဲ့ဖုန်းမျက်နှာပြင်တစ်ဝက်လောက်ကို နေရာယူထားသည်အထိ ပေါ်မလာသေးခင် မှောင်မဲနေသော ဖုန်းမျက်နှာပြင်ကြောင့် လုလီရှင်းမှာ အံ့ဩနေ၏။ လုလီရှင်းမှာ ခေါင်းအား နည်းနည်း နောက်ပြန်ဆုတ်လိုက်ပြီး သူမ၏ ပြူးကျယ်နေသော မျက်ဝန်းများကြောင့် အံ့အားသင့်သွားရသည်။
ကျီချင်းချင်းသည် ဗီဒီယိုဖုန်းခေါ်ဆိုမှုမှ သူမမျက်နှာအား တစ်ချက်ကြည့်လိုက်သည်။ သူမ ကြည့်လို့ကောင်းနေတာ သေချာမှ အမှုမဲ့အမှတ်မဲ့ပုံစံဖြင့် မေးလိုက်၏။ "အရမ်းနောက်ကျနေပြီ။ ကိစ္စရှိလို့လား။"
လုလီရှင်းက အနည်းငယ် အေးခဲသွားသည်။
ထိုအချိန်တွင် အပြင်ဘက်မှ တံခါးအား လက်သည်းဖြင့် ကုတ်ခြစ်နေသံအား ကြားလိုက်ရ၏။ ခပ်ကျယ်ကျယ် ဟောင်သံကပါ နောက်နားက ကပ်ပါလာသည်။
လုလီရှင်းသည် စိတ်တည်ငြိမ်မှု ပြန်ရသွားသည်။ "ဘာမှမဟုတ်ပါဘူး။ စီစီက ဒီပတ်ဝန်းကျင်နဲ့ နေသားကျပြီး အန်တီဖေးကလည်း စီစီ့ကို အရမ်းသဘောကျတယ်ဆိုတာ မင်းကိုပြောပြမလို့ပါ။"
"အန်တီဖေး၊ စီစီ့ကို သဘောကျရင် ကောင်းတာပေါ့။ အခုက အရမ်းနောက်ကျနေပြီ။ ဒါပေမဲ့ နေ့ခင်းဘက် အလုပ်အရမ်းမရှုပ်တဲ့အချိန်ဆို စီစီ့ရဲ့ ဗီဒီယိုလေးတွေ ရိုက်ပို့ပေးဦး။"